.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်
.
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်မြို့မှာရှိတဲ့
အလယ်တန်းကျောင်းတစ်ကျောင်းမှာ အလုပ်ထုတ်ခံရတဲ့ နိုင်ငံခြား ကျောင်းဆရာတစ်ယောက်က
သေနတ်နဲ့ ပတ်သက်တဲ့ ခြိမ်းခြောက်စာတွေ လူမှုကွန်ရက်မှာ တင်နေတာကြောင့်
ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ကျောင်းကို ယာယီပိတ်ထားလိုက်ရပါတယ်။
.
.ကျောင်းသားဦးရေ ၃၀၀၀ ကျော်နဲ့ ဆရာ၊ဆရာမဦးရေ ၂၅၀
လောက်ရှိတဲ့ အဲဒီကျောင်းမှာ ကျောင်းသား၊ ဆရာတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက်
တနင်္လာနဲ့အ င်္ဂါမှာ ကျောင်းပိတ်ကြောင်း ကြေညာခဲ့ပြီး သင်ကြားမှုတွေကို
အွန်လိုင်းကနေပဲ ပို့ချပေးသွားမယ်လို့ ကြေညာခဲ့တာပါ။
.
ကျောင်းအုပ်ကြီး သီတီဝတ်ရဲ့ ထုတ်ပြန်ချက်အရ
အခုလို ကျောင်းပိတ်ထားရခြင်းက ပီတာလို့ ခေါ်တဲ့ အင်္ဂလိပ် ဘာသာ ဆရာတစ်ဦးရဲ့
ခြိမ်းခြောက်မှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ပီတာက ဇူလိုင် ၂၄ ရက်မှာ စာချုပ်ပါ
စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တာကြောင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့
အလုပ်ရပ်စဲမှုကို ခံခဲ့ရသူပါ။
.
အလုပ်က ရပ်စဲခံရပြီးတဲ့နောက် ပီတာက လူအများဝင်ရောက်အသုံးပြုနေတဲ့
ဆိုရှယ်ပလက်ဖောင်းအဖွဲ့တစ်ခုမှာ သေနတ်ကိုင်ထားတဲ့ဓာတ်ပုံ၊ စာသားတွေနဲ့
အသံဖိုင်တွေကို တင်ခဲ့တယ်လို့ ကျောင်းအုပ်ကြီးက ဆိုပါတယ်။ ဒီအကြောင်းအရာတွေက
ကျောင်းသားတွေ၊ ဆရာတွေနဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ခြိမ်းခြောက်တဲ့သဘော ဖြစ်နေကြောင်း
ကျောင်းဘက်က သတ်မှတ်ခဲ့တာပါ။
.
လက်ရှိမှာတော့ ဟတ်ယိုင်ခရိုင်
ဖက်ကဆန်လမ်းမပေါ်မှာရှိတဲ့ စာသင်ကျောင်းကို ပိတ်ထားခဲ့ပြီး ခြိမ်းခြောက်မှု အပေါ်
ရဲစခန်းဆီ တိုင်ကြားထားတယ်လို့ ကျောင်းအုပ်ကြီးက ဆိုပါတယ်။
.
ဟတ်ယိုင်ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်အရတော့ ပီတာ က
ဇူလိုင် ၁၉ ရက်နေ့ကတည်းက ထိုင်းနိုင်ငံကနေ ထွက်ခွာ သွားပြီးတဲ့နောက်
ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။
.
ရဲတပ်ဖွဲ့ရဲ့အဆိုအရတော့ အလုပ်ထုတ်ခံရသူ ဆရာ က
တောင်အာဖရိကနိုင်ငံသားဖြစ်ပြီး ဇူလိုင် ၁၉ ရက် နေ့လယ်ပိုင်းမှာ ဆောင်ခလာပြည်နယ်
နယ်စပ်ဂိတ်ကနေတစ်ဆင့် ထိုင်းနိုင်ငံက ထွက်ခွာသွားခဲ့သလို ပြန်လည် ဝင်ရောက်လာခြင်းမရှိသေးဘူးလို့
သိရတာပါ။
.
ပီတာ နေထိုင်ခဲ့တဲ့ အဆောက်အအုံကို
သွားရောက်စစ်ဆေးခဲ့ရာမှာလည်း အခန်းမှာ လူမရှိတော့တဲ့အကြောင်း ရဲတပ်ဖွဲ့က
တွေ့ရှိခဲ့ရပါတယ်။
.
ပီတာက ကျောင်းရဲ့ LINE အဖွဲ့စကားပြောခန်းထဲမှာ
သေနတ်ပစ်နေတဲ့ သူ့ရဲ့ဓာတ်ပုံတွေနဲ့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်တွေရဲ့ ပုံတွေကို
တင်ပြီး ခြိမ်းခြောက်စာတွေ ရေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီ စကားပြော ခန်းထဲမှာ
အသုံးပြုသူ ၅၀၀၀ ကျော်ရှိနေပြီး ပီတာက ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကိုလည်း
ဝေဖန်ခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့ က ပြောဆိုထားပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment