ညောင်ရွှေ၌ ကလေးငယ်များ အုပ်စုဖွဲ့ ရန်ဖြစ် (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 30, 2026

ညောင်ရွှေ၌ ကလေးငယ်များ အုပ်စုဖွဲ့ ရန်ဖြစ် (ရုပ်သံ)


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ အားကစားကွင်း၌ ယနေ့ ဩဂုတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းတွင် ကျောင်းသားအရွယ် ကလေးငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ကမ္ဘောဇတိုင်းက ရရှိထားသည့် ရုပ်သံဖိုင်တွင် ကလေးငယ် တစ်ဦးကို အခြား ကလေးငယ် တစ်ဦးက ပြင်းထန်စွာ ထိုးကြိတ်နေသည်ကို တွေ့မြင်ခဲ့ရပြီး တစ်ဖက်တွင်လည်း ကလေးငယ် ၂ ဦး ရန်ဖြစ်နေသည်ကို တွေ့မြင်ရကာ ရန်ပွဲအား အခြား ကလေးငယ် ၁၀ ဦးကျော်ခန့်က ကြည့်ရှုနေကြခြင်း ဖြစ်သည်။

.

“ ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ ဖြစ်တာပါ။ အားကစားကွင်းထဲမှာ ကလေး အချင်းချင်း အုပ်စုဖွဲ့ ဖြစ်ကြတာ၊ တွေ့လို့ မဖြစ်ဖို့ ဆူပြီး ပြန်လွှတ်လိုက်ပါတယ်။ အခုတော့ ဘာမှ မဖြစ်တော့ပါဘူး။” ဟု မြင်တွေ့သူ တစ်ဦးက ပြောသည်။

.

ကလေးငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်မှုများ မကြာခဏ ဖြစ်ပွားလာနေသည့် အပြင် ဂိုဏ်းပုံစံဖြင့် အုပ်စုဖွဲ့ သွားလာမှုများကြောင့် မိဘများမှာ ၎င်းတို့ သားသမီးများ ပါဝင် ပတ်သက်မည်ကို စိုးရိမ်နေကြရသည်ဟုလည်း သိရသည်။

.

တောင်ကြီးမြို့တွင်လည်း လူငယ်ဂိုဏ်းများ ပေါ်ထွက်လာနေပြီး ဂိုဏ်းအဖွဲ့ဝင် လူငယ် ၈ ဦးထက် မနည်းကို ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ထားသော်လည်း ထိရောက်သည့် ပညာပေးခြင်း၊ အရေးယူခြင်းများ ရှိ/မရှိကိုမူ မသိရသေးပေ။

.

Link – https://youtu.be/zwiPJKV5iO8

.
#KBZTai #Shan #NyaungShwe  #Young

No comments:

Post a Comment

Pages