တောင်ကြီးတွင် လက်ကိုင်ဖုန်းများ ခိုးယူလာသူတစ်ဦးကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 30, 2026

တောင်ကြီးတွင် လက်ကိုင်ဖုန်းများ ခိုးယူလာသူတစ်ဦးကို ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်

.

တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်အတွင်း ယနေ့ ဩဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းက လက်ကိုင်းဖုန်းများ ခိုးယူလာသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ ဩဂုတ်လ ၃၀ ရက်၊ နံနက် ပိုင်းက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ မီးသွေးတန်းလမ်းရှိ ဖုန်းဆိုင်တစ်ခုအနီးတွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

.

ထိုသို့ စစ်ဆေးရာတွင် အဆိုပါ အမျိုးသားမှာ တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ ဇော်ဇော်ဌေး (ခ) ဝါဟစ် ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသည့် အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ လက်ကိုင်ဖုန်း ၅ လုံး တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ ယင်းဖုန်းများအား လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ကျောက်တလုံးလမ်းမဘေးရှိ ST Mobile ဖုန်းဆိုင်မှ ခိုးယူခဲ့သည့်ဖုန်းများ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

“ဖုန်းခိုးလာတဲ့သူကို ဖမ်းမိတာ ဟုတ်ပါတယ်။ နောက်ထပ် သက်သေခံပစ္စည်းတွေ လိုက်သိမ်းနေတုန်းပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ လက်ကိုင်ဖုန်း ၅ လုံး၊ စုစုပေါင်းတန်ဖိုး ၃၉၁၀၀၀၀ ကျပ်ခန့်အား ခိုးယူခဲ့သူ ဇော်ဇော်ဌေး (ခ) ဝါဟစ် အား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages