လူတိုင်း စာတတ်မြောက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရန် ရှမ်းဝန်ကြီးချုပ် တိုက်တွန်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, September 8, 2026

လူတိုင်း စာတတ်မြောက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရန် ရှမ်းဝန်ကြီးချုပ် တိုက်တွန်း

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

.

လူတိုင်း စာတတ်မြောက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။

.

.

၂၀၂၆ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ရာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

ပညာရေး၏ အခြေခံဖြစ်သည့် စာတတ်မြောက်ရေး လှုပ်ရှားမှုမှတစ်ဆင့် စာတတ်မြောက်ခြင်း၏ အကျိုး ဆက်ဖြစ်သည့် ဆင်းရဲနွမ်းပါးမှု လျော့နည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိခြင်း၊ မိခင်နှင့် ကလေး သူငယ်များ ကျန်းမာရေးအသိများ တိုးပွားခြင်း၊ ခေတ်မီနည်းပညာရပ်များ ဆက်လက်ဆည်းပူး နိုင်ခြင်း၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိခြင်း အစရှိသည့် အခွင့်အလမ်းကောင်းများ ရရှိအောင် အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြရန် လိုကြောင်း ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက ပြောဆိုခဲ့သည်။

.

ယူနက်စကိုအဖွဲ့ချုပ်က ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် ကမ္ဘာ့စာတတ်မြောက် ရေးကွန်ရက် စတင်ကျင်းပခဲ့သည့် စက်တင်ဘာလ ၈ ရက်ကို နိုင်ငံတကာ စာတတ်မောက်ရေးနေ့ အဖြစ် သတ်မှတ် ပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယခု ၂၀၂၆ ခုနှစ်အတွက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်မှာ ကမ္ဘာမြေနှင့် လူသားများ သာယာဝပြောဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့ ဖြစ်ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် ၁၉၆၇ နှင့် ၁၉၆၈ ခုနှစ်အတွင်း သက်ကြီး စာမတတ်သူပပျောက်ရေး "အ" သုံးလုံး သင်တန်း များကို စေတနာ့ ဝန်ထမ်း လူထုလှုပ်ရှားမှုဖြင့် တစ်နိုင်ငံလုံး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ် အနေဖြင့်လည်း အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အခြေခံ စာတတ် မြောက်ရေးလုပ်ငန်းများကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် ပြည်နယ် ပညာရေးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

လူတိုင်းစာတတ်မြောက်ရေးအတွက် ကျောင်းပြင်ပ ပညာရေးလုပ်ငန်း အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်နေသော အသက် ၁၀ နှစ်မှ ၁၆ နှစ်အထိ ကျောင်းပြင်ပ မူလတန်းနှင့် အသက် ၁၄ နှစ်မှ ၂၁ နှစ်ထိ သက်ရွယ်လွန်ကလေး များအတွက် ကျောင်းပြင်ပ အထူးအစီအစဉ် Placement ပညာရေး အတန်းနေရာချထားမှု Test ကို ယခု ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြေဆိုအောင်မြင်သူ ၁၆ ဦး ရှိကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်း ကျောင်းပညာ ပညာရေးစခန်းများအနေဖြင့် တောင်ကြီးမြို့နယ်၊ လွယ်လုံစခန်းတွင် ကျောင်းသား ကျောင်းသူ ၁၁၀ ဦး၊ ညောင်ရွှေမြို့နယ်၊ နန္ဒဝန်စခန်းတွင် ၁၁၃ ဦး၊ ကလောမြို့နယ်၊ သီတဂူကမ္ဘောဇပညာရေးစခန်းတွင် ၄၁ ဦး၊ ဟိုပုံးမြို့နယ်၊ ဖာလိုင်မိုင်းပျဉ်းစခန်းတွင် ၂၂၂ ဦး၊ နောင်တောင်းသီလရှင်စခန်းတွင် ၆၆ ဦး၊ လွိုင်လင် မြို့နယ်၊ အမက (နောင်ဟူး)သဘာဝရိပ်သာစခန်းတွင် ၉၄ ဦး၊ ဆီဆိုင်မြို့နယ်၊ နောင်အယ်စခန်းတွင် ၁၆၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

.

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ပညာရေးဌာနမှ ဆရာကြီး၊ ဆရာမကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages