.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊ ညနေပိုင်းက အကောက်ခွန်မဲ့ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာသည့်
၁၂ ဘီး ကုန်တင်ယာဉ် ၃ စီး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
.အောင်ပန်မြို့၊ လွယ်မောကျေးရွာအရှေ့ဘက်၊ ရတောင်ဘုရားအနီး
တောတွင်း၌ တရားမဝင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ် ၃ စီး တောင်နီကျေးရွာဘက်သို့
မောင်းနှင်နေကြောင်း သတင်း အရ ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ သွားရောက်စစ်ဆေးရာတွင် ကသာမြို့နယ်နေ ယာဉ်မောင်း
ထွန်းနိုင်ဇော် မောင်းနှင်လာသည့် NISSAN DISEL အမျိုးအစား စိမ်းပြာရောင်
၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး၊ အမရပူရမြို့နယ်နေ ယာဉ်မောင်း ဖြိုးကိုကို မောင်းနှင်ပြီး
ပုဗ္ဗသီရိမြို့နယ်နေ ထင်လင်းဦး လိုက်ပါလာသည့် MITSUBISHI FUSO အမျိုးအစား အနီရောင် ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးနှင့် မုံရွာမြို့နယ်နေ ယာဉ်မောင်း
မြင့်ဇင် မောင်းနှင်ပြီး ပြည်ကြီးတံခွန် မြို့နယ်နေ အောင်ထွန်းလင်း လိုက်ပါလာသည့် NISSAN
DIESEL အမျိုးအစား အပြာရောင် ၁၂ ဘီး ကုန်တင်ယာဉ် တို့ကို တွေ့ရှိရပြီး
ယာဉ်များပေါ်တွင် အကောက်ခွန်မဲ့ တရားမဝင် တင်ဆောင်လာသည့် ပန်ကာ၊ ကော်ဇာ၊ ဓါတ်ဘူး၊ ဓါတ်မီး
စသည့် လူသုံးကုန်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊
သက်သေခံပစ္စည်းများအား အောင်ပန်း နယ်မြေ ရဲစခန်းတွင် ထိန်းသိမ်း ထားရှိပြီး ပို့ကုန်သွင်းကုန်
ဥပဒေဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment