.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်
.
ဩစတြေးလျနိုင်ငံရဲ့ လူဦးရေအများဆုံးမြို့
ဆစ်ဒနီမှာ စက်တင်ဘာ ၅ ရက်က နွေဦးအစ အပူချိန်မြင့်တက် လာပြီး တောမီးအန္တရာယ်
မြင့်မားလာတာကြောင့် အာဏာပိုင်တွေက မီးရှို့တာတွေကို တားမြစ်ချက်
ထုတ်ပြန်လိုက်ပါတယ်။
.
.ပစိဖိတ်သမုဒ္ဒရာအတွင်း ဆယ်စုနှစ်များအတွင်း
အားအကောင်းဆုံးဖြစ်လာနိုင်တဲ့ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့်
ဩစတြေးလျတောင်ပိုင်းမှာ ပုံမှန်ထက် ပိုမိုပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ပေါ် နေပါတယ်။
,
ဆစ်ဒနီမှာ စနေနေ့အပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်အထိ
ရောက်ရှိနိုင်ပြီး ပုံမှန်ထက် ၁၃ ဒီဂရီနီးပါး ပိုမိုမြင့်မား ခဲ့ပါတယ်။
ဆစ်ဒနီလေဆိပ်မှာလည်း မနက် ၁၁ နာရီခွဲကတည်းက ၂၈ ဒသမ ၆ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ ပါတယ်။
.
လေပြင်းတွေနဲ့ ပူပြင်းခြောက်သွေ့တဲ့
ရာသီဥတုကြောင့် Greater Sydney ဒေသမှာ တောမီးအန္တရာယ်ကို
“အလွန်ပြင်းထန်” အဆင့် သတ်မှတ်ခဲ့ပြီး မီးရှို့မှု လုံးဝတားမြစ်ချက်
ထုတ်ပြန်ထားပါတယ်။
.
ရာသီဥတုပြောင်းလဲမှုကြောင့် ဩစတြေးလျမှာ
အလွန်အမင်းပူပြင်းမှုနဲ့ တောမီးဖြစ်နိုင်တဲ့ ရာသီဥတုတွေ ပိုမိုမကြာခဏ
ဖြစ်ပေါ်လာနေပါတယ်။
.
Ref – CNA
.

No comments:
Post a Comment