.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၌ ယနေ့ စက်တင်ဘာလ
၅ ရက်၊ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များတွင် ရေဝင်ရောက်မှု
ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
.နမ့်လတ်ချောင်းရေ မြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ
အမှတ် (၁)၊ (၃)၊ (၄) ရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“မိုးဆက်တိုက်ရွာတော့ မနက် ၄ နာရီလောက်ကစပြီး ချောင်းရေ
တက်လာတာပါ။ အခုညနေပိုင်းတော့ နည်းနည်း ပြန်ကျပါပြီ။ ဒါပေမဲ့ ဒီည မိုးထပ်ရွာမရွာတော့
စောင့်ကြည့်ရမှာပေါ့။ နမ့်စန်မှာက နှစ်စဉ် မိုးရွာတိုင်း ဖြစ်နေကျပါ” ဟု နမ့်စန်မြို့နေ
ဒေသခံတစ်ဦးက ပြောသည်။
.
ရေဝင်ရောက်မှု ဖြစ်ပွားသည့် နေအိမ်များမှ အိမ်ထောင်စုများကို
နမ့်စန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊
လူမှုကူညီရေးအသင်းများ ပူးပေါင်း၍ ရေဘေးလွတ်ရာ သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း
သိရသည်။
.

No comments:
Post a Comment