.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့၊ ရွှေညောင်-ရပ်စောက်သွား ကားလမ်းပေါ်တွင် ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊
ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြားကို သယ်ဆောင်လာသူ အမျိုးသားနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.အမှတ် (၂၅) မူးယစ်တပ်ဖွဲ့စု တောင်ကြီးမှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ယမန်နေ့
စက်တင်ဘာလ ၄ ရက်၊ ညနေ ၄ နာရီခန့်က ရွှေညောင်-ရပ်စောက်သွား ကားလမ်း၊
ပန်းစုံကျေးရွာမှ ဆည်ကြီးကျေးရွာသွား လမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် ရပ်စောက်မြို့ဘက်မှ
ရွှေညောင်မြို့ ဘက်သို့ ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ နားခဲလေးကျေးရွာနေ
ဩဘာတ (ခ) စိုင်းဩဘာတ မောင်းနှင်လာသည့် HONDA FIT အမျိုးအစား
အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေ ခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရှာဖွေရာတွင် ဩဘာတ လွယ်ထားသည့်
ဘေးလွယ်အိတ်အတွင်းမှ ရှမ်းစက္ကူဖြင့် ထုပ်ထား သည့် အပြာရောင် ပလတ်စတစ်
ကပ်ခွာအိတ်ငယ်များအတွင်း (မက်သာဖက်တမင်း) WY စာတမ်းပါ ပိတ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ အထုပ် ၅၀၊
စုစုပေါင်း ဆေးပြား ၁၀၀၀၀၊ အလေးချိန် ၉၀၀ ဂရမ်ခန့်၊ တန်ဖိုး ကျပ်သိန်း ၃၀ အား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများအား သုံးစွဲ/ရောင်းချရန်
လက်ဝယ်ထားရှိသူ ဩဘာတ (ခ) စိုင်းဩဘာတ အား ရွှေညောင်နယ်မြေရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က)
ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment