အေးသာယာတွင် နှစ်လုံးထီလောင်းကစားသူတစ်ဦး အဖမ်းခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, September 5, 2026

အေးသာယာတွင် နှစ်လုံးထီလောင်းကစားသူတစ်ဦး အဖမ်းခံရ

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊ ညနေပိုင်းက နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

.


.

တောင်ကြီးခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင် နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊ ညနေ ၄ နာရီခန့်က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ(၃)၊ မေတ္တာလမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် ကျောင်းထိုင်ဘုန်းကြီးကျောင်းမှ အေးမေတ္တာတံတားဘက်သို့ တစ်ဦးတည်း လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးအား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

.

ထိုသို့ စစ်ဆေးရာတွင် လမ်းလျှောက်လာသူ အမျိုးသားမှာ အေးသာယာမြို့၊ ရပ်ကွက် (၇) နေ အောင်ဇေယျာလွင် (ခ) အကောက် ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလက်တွင် ကိုင်ဆောင်လာသည့် အမည်းရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ နှစ်လုံးထီ လောင်းကစား ပြုလုပ်သည့် စာရွက်အပိုင်းများနှင့်အတူ လောင်းကစားငွေ ၁၇၀၀၀၀ ကျပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရားမဝင် နှစ်လုံးထီလောင်းကစားဒိုင်အဖြစ် ပြုလုပ်သူ အောင်ဇေယျာလွင် (ခ) အကောက် အား အေးသာယာနယ်မြေရဲစခန်းတွင် လောင်းကစားဥပဒေပုဒ်မ ၁၈ (က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages