သီပေါ ကျင်သီတံတားအနီးတွင် တွဲကားနှင့် အိမ်စီးကား တိုက်မိပြီး တစ်ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, September 5, 2026

သီပေါ ကျင်သီတံတားအနီးတွင် တွဲကားနှင့် အိမ်စီးကား တိုက်မိပြီး တစ်ဦး သေဆုံး

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကျင်သီတံတားအနီးတွင် ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊ နေ့လယ်ပိုင်းက တွဲကားနှင့် အိမ်စီးကားတစ်စီး တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

.

မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး၊ သီပေါမြို့နယ်၊ လောဝ်ခွန်ကျေးရွာ၊ မိုင်တိုင်အမှတ် ၁၂၂၊ ကျင်သီ တံတားအနီးတွင် ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊ နေ့လယ် ၁၁ နာရီခွဲခန့်က ယာဉ်မောင်း ရှိုင်းထက်အောင် မောင်းနှင်လာသည့် အဖြူရောင် တွဲကားနှင့် ယာဉ်မောင်း ဦးဌေးအောင် မောင်းနှင်လာသည့် AD Van ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် AD Van မှ ယာဉ်မောင်း ဦးဌေးအောင်မှာ ကားရှေ့ခေါင်းခန်းအတွင်း ညှပ်၍ သေဆုံး ခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား မြတ်မွန်စေတနာ ပရဟိတလူနာတင်ယာဉ်ဖြင့် သီပေါမြို့နယ်ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages