ဒီမိုကရက်များက ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်ရန် အသင့်ပြင်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, November 12, 2026

ဒီမိုကရက်များက ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်ရန် အသင့်ပြင်နေ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

.

အမေရိကန် ဒီမိုကရက်လွှတ်တော်အမတ်တွေဟာ လာမယ့်နှစ်မှာ ကွန်ဂရက်ကို ထိန်းချုပ်နိုင်တဲ့အခါ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်ဖို့ ပြင်ဆင်နေကြ ပါတယ်။ ဒီမိုကရက်တွေက ICE ရဲ့ လုပ်ဆောင်ပုံတွေကို စစ်ဆေးဖို့နဲ့ အမေရိကန်မှာ တရားဝင်နေထိုင် ခွင့်ရနိုင်မယ့် လမ်းကြောင်းတွေ တိုးချဲ့ဖို့ ကြိုးပမ်းသွားမှာဖြစ်ပေမဲ့ သူတို့လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာမှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

.

.

ပြီးခဲ့တဲ့ သီတင်းပတ်က ဒီမိုကရက်တွေဟာ ကွန်ဂရက်လွှတ်တော်ရဲ့ အောက်လွှတ်တော်နဲ့ အထက် လွှတ်တော် နှစ်ရပ်စလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ထရမ့်ရဲ့ ပြင်းထန်တဲ့ ဖမ်းဆီးရေးနဲ့ ပြည်နှင်ဒဏ်ပေးရေး မူဝါဒတွေကို မဲဆန္ဒရှင်တွေ မကျေနပ်တာကလည်း ဒီရလဒ်အတွက် အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

.

ဒါပေမဲ့ နှစ်ဖက်ပါတီက လွှတ်တော်အမတ်တွေကတော့ အဲဒီမူဝါဒကို အဓိကဖော်ဆောင်ခဲ့သူဖြစ်ပြီး အခု ထရမ့်ရဲ့ အိမ်ဖြူတော်အကြီးအကဲအသစ် ဖြစ်လာတဲ့ စတီဖန် မီလာက လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ဆက်လက်ဦးဆောင် သွားမယ်လို့ မျှော်လင့်နေ ကြပါတယ်။

.

အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ဝန်ထမ်းတွေက Reuters ကို ပြောရာမှာ ထရမ့်အနေနဲ့ လူဝင်မှုကြီးကြပ်ရေး စောင့်ကြည့်ဖမ်းဆီးမှုတွေကို လျှော့ချမယ့် ဒါမှမဟုတ် တရားဝင်နေထိုင်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့်ရနိုင်မယ့် လမ်းကြောင်း တွေ တိုးချဲ့ပေးမယ့် ဥပဒေတွေကို ဗီတိုအာဏာသုံးပြီး ပယ်ချမယ်လို့ မျှော်လင့်ထားကြပါတယ်။

.

ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်တဲ့မူဝါဒဟာ အခု နိုင်ငံရေးအရ အားနည်းချက်တစ်ခု ဖြစ်လာနေပါတယ်။ Reuters/Ipsos စစ်တမ်းအရ လူဝင်မှုကြီးကြပ်ရေးမူဝါဒအပေါ် ထရမ့်ကို ထောက်ခံမှုဟာ သမ္မတတာဝန်စတင်ချိန်က ၅၀ ရာခိုင်နှုန်းကနေ အခု ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းလာပါတယ်။ ၂၀၂၄ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ဘက်ကို ယိမ်းခဲ့တဲ့ လက်တင်အမေရိကနွယ်ဖွား မဲဆန္ဒရှင်တွေ ကလည်း အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်ဘက်ကို သိသိသာသာ ပြန်လည် ယိမ်းလာခဲ့ပါတယ်။

.

ပြီးခဲ့တဲ့ သောကြာနေ့ CBS ရဲ့ “60 Minutes” အစီအစဉ်နဲ့ အင်တာဗျူးမှာ ထရမ့်က သူ့ရဲ့ ပြည်နှင် ဒဏ်ပေးရေး မဟာဗျူဟာဟာ “တင်းကျပ်လွန်းခဲ့နိုင်တယ်” လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ တနင်္လာနေ့မှာ သတင်းထောက်တွေက အဲဒီအကြောင်း မေးတဲ့အခါ “ကျွန်တော့်မူဝါဒက ပြောင်းလဲမထားဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။

.

ဒီမိုကရက်တွေဟာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးမေးမြန်းတဲ့နေရာမှာ ပိုပြီး လုပ်ပိုင်ခွင့်ရ လာမှာပါ။ သူတို့ဟာ ICE ရဲ့ မိခင်ဌာနဖြစ်တဲ့ အမိမြေလုံခြုံရေးဌာန (DHS) ကို စုံစမ်းစစ်ဆေးဖို့ အချက်တွေကိုလည်း ကြိုတင် ပြင်ဆင်ထားပါတယ်။ အဲဒီထဲမှာ ထိန်းသိမ်းရေး စခန်းတွေရဲ့ အခြေအနေ၊ ဖက်ဒရယ်အေးဂျင့်တွေ အသုံးပြုတဲ့ အင်အားကြောင့် သေဆုံးမှုတွေ၊ ၂၀၂၅ ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံသားတွေကို အယ်လ်ဆာဗေးဒေါနိုင်ငံက အကျဉ်းထောင်ကြီးတစ်ခုဆီ ပြည်နှင်ဒဏ်ပေးခဲ့ တဲ့ကိစ္စတွေ ပါဝင်ပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages