လားရှိုးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၀၀၀ ကျော်ကို ယာဉ်မောင်းနှင့်အတူ ဖမ်းမိ၊ တစ်ဦး ထွက်ပြေးနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, November 12, 2026

လားရှိုးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၀၀၀ ကျော်ကို ယာဉ်မောင်းနှင့်အတူ ဖမ်းမိ၊ တစ်ဦး ထွက်ပြေးနေ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၀၀၀ ကျော်ကို ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တစ်ဦး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်၊ နေ့လယ် ၁၁ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက် (၈)၊ အင်ကြင်းလမ်းတွင် ကျော်လင်း (ခ) ကဒီမွတ်လာ မောင်းနှင်ပြီး စောလင်းထက် (ခ) ကိုထက် လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်အား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

.

ထိုသို့ တားဆီးစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စောလင်းထက် (ခ) ကိုထက်မှာ ထွက်ပြေးသွားပြီး ယာဉ်မောင်း ကျော်လင်း (ခ) ကဒီမွတ်လာ နှင့်အတူ မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၂၉၄,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၄၇၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

“တစ်ယောက်က ထွက်ပြေးသွားတာ မမိသေးပါဘူး။ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်” ဟု လားရှိုးမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ကျော်လင်း (ခ) ကဒီမွတ်လာနှင့် စောလင်းထက် (ခ) ကိုထက် တို့အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ထွက်ပြေးတိမ်းရှောင်နေသူ စောလင်းထက် (ခ) ကိုထက် အား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages