ရေကြီးရေလျှံမှုကြောင့် ရှမ်းတောင်တွင် စပါးစိုက်ဧက ၁၉၀၀ ကျော် ရေနစ်မြုပ်နေ ‎ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, November 12, 2026

ရေကြီးရေလျှံမှုကြောင့် ရှမ်းတောင်တွင် စပါးစိုက်ဧက ၁၉၀၀ ကျော် ရေနစ်မြုပ်နေ ‎

.

‎၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

‎.

ရှမ်းပြည်နယ်‌တောင်ပိုင်းဒေသတွင် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး စပါးစိုက်ဧက ၁၉၀၀ ကျော်အပြင် စိုက်ပျိုးသီးနှံစိုက်ခင်းများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

.

.

ရေကြီးရေလျှံမှုကြောင့် ကျောက်တလုံးကြီးမြို့တွင် စပါးစိုက်ဧက ၄၈၉ ဧက၊ ရွှေညောင်မြို့တွင် ၃၄ ဧက၊ ရပ်စောက်မြို့နယ်တွင် ၅၆၃ ဧက၊ ဟိုပုံးမြို့နယ်တွင် ၁၆၉ ဧကနှင့် ဆီဆိုင်မြို့နယ်တွင် ၆၅၈ ဧက၊ စုစုပေါင်း စပါးစိုက်ဧက ၁၉၇၄ ဧက ရေနစ်မြုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် စပါးစိုက်ခင်းများအပြင် အခြားသီးနှံများဖြစ်သည့် နေကြာ စိုက်ခင်း ၅၃ ဒသမ ၂၃ ဧက၊ အာလူးစိုက်ခင်း ၁၀ ဧကနှင့် ကြက်သွန်စိုက်ခင်း ၂ ဧကတို့တွင်လည်း ရေဝင်ရောက်မှုများ ရှိနေကြောင်း သိရသည်။

.‎

အဆိုပါကိစ္စနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးအား ဆက်သွယ်မေးမြန်းရာတွင် စာရင်းပြုစုနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

.

‎ထို့အပြင် တောင်ကြီးမြို့အပါအဝင် ရှမ်းတောင်ဒေသအတွင်းရှိ မြို့နယ်များတွင် လမ်းနှင့် တံတားများ ပျက်စီးမှု၊ ခြံစည်းရိုး၊ အုတ်တံတိုင်းပြိုကျပျက်စီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

.

မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရှမ်းတောင်ဒေသရှိ မြို့နယ် ၄ ခုမှ အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ ၁၄၀၀ ကျော် ရေဘေးသင့်နေပြီး အိမ်ထောင်စု ၄၈၅ စုမှ လူဦးရေ ၁၅၃၇ ဦးကို ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရပြီး ကျန်မြို့နယ်များတွင်လည်း ရေဘေးသင့် ရွှေ့ပြောင်းရသူများ ရှိနေကြာင်း သိရသည်။

.

No comments:

Post a Comment

Pages