ရုရှားနဲ့ ယူကရိန်း မြို့တော်တွေကို အပြန်အလှန်တိုက်ခိုက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, November 12, 2026

ရုရှားနဲ့ ယူကရိန်း မြို့တော်တွေကို အပြန်အလှန်တိုက်ခိုက်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

.

ရုရှားနဲ့ ယူကရိန်းတို့ဟာ နိုဝင်ဘာ ၁၂ ရက် မနက်အစောပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် မြို့တော်တွေကို အပြန်အလှန် တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အဘူဒါဘီမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှစ်ရက် ကြာ ပြုလုပ်ပြီးနောက် ဖြစ်ပွားခဲ့တာဖြစ်ပြီး အမေရိကန်သံတမန်တွေ မော်စကိုကို ရောက်လာချိန်နဲ့ လည်း တိုက်ဆိုင်ပါတယ်။

.

.

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ကိုယ်စားလှယ် ကီရီးလ် ဒီမစ်ထရီယက်ဗ်က အမေရိကန်ညှိနှိုင်းရေးမှူး တွေဖြစ်တဲ့ ဂျရက် ကူရှ်နာနဲ့ စတိဗ် ဝစ်ကော့ဖ်တို့ကို မော်စကိုလေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ပါတယ်။ သူတို့ဟာ နောက်ပိုင်းမှာ ပူတင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

.

အဘူဒါဘီဆွေးနွေးပွဲမှာ ရုရှားနဲ့ ယူကရိန်းက အကျဉ်းသားလဲလှယ်ရေး သဘောတူခဲ့ပေမဲ့ နယ်မြေပိုင်ဆိုင်မှုအပါအဝင် အဓိကအရေးကိစ္စတွေမှာ သဘောထားကွာဟမှုတွေ ကျန်ရှိနေသေး တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။ ကူရှ်နာကလည်း ဥရောပနိုင်ငံတွေကို ရုရှား-ယူကရိန်း ဆွေးနွေးပွဲမှာ ပါဝင်စေဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။

.

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအတွင်း စစ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ၊ ကိယက်ဗ် မြို့တော်က လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ကိယက်ဗ်မှာလည်း မနက် အစောပိုင်း ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး ရီဗ်နေးဒေသမှာ စွမ်းအင်နဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေ ထိခိုက်ခဲ့တယ်လို့ ဒေသခံအာဏာပိုင်က ပြောပါတယ်။

.

တစ်ဖက်မှာလည်း မော်စကိုမြို့ကို ဦးတည်လာတဲ့ ဒရုန်း ၅ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဘျာနင်က ပြောပါတယ်။ ရုရှားနိုင်ငံအတွင်း ရော့စတော့နဲ့ တူလာအပါအဝင် ဒေသအများအပြားမှာလည်း ဒရုန်း တွေကို ပစ်ချခဲ့တယ်လို့ ဒေသခံအာဏာပိုင် တွေက ပြောပါတယ်။

.

မော်စကိုမှာ ပူတင်နဲ့ တွေ့ဆုံပြီးရင် အမေရိကန်ညှိနှိုင်းရေးမှူး ကူရှ်နာနဲ့ ဝစ်ကော့ဖ်တို့ဟာ အိုင်ယာလန်ကို ဆက်လက် သွားရောက်ပြီး အဲဒီမှာ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages