.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်
.
တောင်ကြီးမြို့၊ ရွှေပြည်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းက
ယမန်နေ့ နိုဝင်ဘာလ ၇ ရက်တွင် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံဆပ်ကော်မတီထံသို့
အလှူငွေကျပ် သိန်း ၂၀ လှူဒါန်းပေးခဲ့သည်ဟု သိရသည်။
.
.
လှူဒါန်းပွဲတွင် ရွှေပြည်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ
တာဝန်ရှိသူတစ်ဦးက တောင်ကြီးတန်ဆောင်တိုင် ပွဲတော် မီးပုံးပျံဆပ်ကော်မတီ၊ ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ
ဦးတင်ဝင်းထံ အလှူငွေကျပ် သိန်း ၂၀ ပေးအပ်လှူဒါန်းခဲ့ပြီး အသင်းတာဝန်ရှိသူက ကျေးဇူးတင်စကား
ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
.
“ကျွန်တော်တို့က စာပဲသင်တာဆိုတော့
မီးပုံးပျံနဲ့ပတ်သက်တာတွေ သိပ်နားမလည်ဘူး။ ဒါပေမဲ့ အသင်းအတွက် လိုအပ်တာတွေအတွက်
ကူညီပေးမှာပါ” ဟု ရွှေပြည်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်ကလည်း Naing
Family Cherry Oo ကုမ္ပဏီနှင့် ရွှေနှင်းဆီမိသားစုတို့က တောင်ကြီး တန်ဆောင်တိုင်
မီးပုံးပျံ ဆပ်ကော်မတီ အတွက် ငွေကျပ် သိန်း ၁၅၀ ကျော် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment