အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ပေးသူကို ဒေါ်လာ သန်း ၂၀ ဆုချမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, November 8, 2026

အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ပေးသူကို ဒေါ်လာ သန်း ၂၀ ဆုချမည်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်

.

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်သူတွေကို အမေရိကန် အစိုးရက ဆုကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ အထိ ပေးအပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

.

.

အီရန်ရဲ့ နျူကလီးယားအစီအစဉ်၊ အဲဒီအစီအစဉ်နဲ့ ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပါဝင်ပတ်သက်နေသူ တွေအကြောင်း သိရှိထားတဲ့ သတင်းအချက်အလက်တွေကို Signal ဒါမှမဟုတ် Tor အခြေပြု သတင်းပေးပို့ရေးစနစ်ကတစ်ဆင့် ပေးပို့ နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Rewards for Justice အစီအစဉ်က လူမှုကွန်ရက် X မှာ ထုတ်ပြန် ထားပါတယ်။ သတင်းအချက်အလက်ပေးသူ တွေအနေနဲ့ ဆုကြေးငွေရရှိနိုင်တဲ့အပြင် လိုအပ်ပါက နေရာပြောင်းရွှေ့ နေထိုင်ခွင့်လည်း ရရှိနိုင်တယ်လို့ ဆိုပါတယ်။

.

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်ရဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေနဲ့ ဝန်ထမ်းတွေ၊ နျူကလီးယား အစီအစဉ်နဲ့ သက်ဆိုင်တဲ့ နည်းပညာတွေနဲ့ စွမ်းဆောင်ရည်တွေ၊ ဆက်စပ်အဖွဲ့အစည်း တွေနဲ့ ပါဝင်ပတ်သက် နေသူတွေ အကြောင်း သတင်းအချက်အလက်တွေကို အဓိက ရှာဖွေနေ တာဖြစ်ပါတယ်။

.

အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို တားဆီးဖို့ အမေရိကန်အစိုးရက ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

.

အခုလို ဆုကြေးငွေထုတ်ပြန်ကြေညာလာတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် စစ်ရေး တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ဖို့ စဉ်းစားနေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး အမေရိကန်နဲ့ အီရန်ကြား နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေလည်း ဆက်လက်ရှိနေပါတယ်။

.

ထရမ့်က အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် ဘယ်တော့မှ ပေးမှာမဟုတ်ကြောင်း သောကြာနေ့မှာ ထပ်မံပြောဆိုခဲ့ပြီး အရင်က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အမေရိကန် စစ်တပ်က တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

.

ဒါ့အပြင် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်သင့်၊ မသင့် ဆွေးနွေးဖို့အတွက် ကြာသပတေး နေ့မှာ အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

.

အမေရိကန်အရာရှိကြီးတွေက နိုဝင်ဘာ ၉ ရက်နေ့ဟာ အရှေ့အလယ်ပိုင်းဒေသမှာ လဆန်းဖြစ်ပြီး လရောင်မရှိ သလောက် နည်းပါးမှာဖြစ်တာကြောင့် စစ်ဆင်ရေးတွေလုပ်ဆောင်ဖို့ အခြေအနေကောင်း တစ်ခု ဖြစ်နိုင်တယ်လို့ Fox News ကို ပြောဆိုထားပါတယ်။

.

ထရမ့်ကလည်း အီရန်အပေါ် စစ်ပွဲပြန်လည်စတင်ဖို့နဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရအနေနဲ့ ဆုံးဖြတ်ချက်ချသွားမယ် လို့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

.

အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို အပြီးတိုင်ရပ်တန့်နိုင်ဖို့ နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်ဆောင်သင့်သလား ဆိုတာကို စဉ်းစားနေကြောင်းနဲ့ ဖြစ်နိုင်ရင် အီရန်နိုင်ငံရဲ့ ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေကို ထပ်မံဖျက်ဆီးတာမျိုး မလုပ်ချင်ပေမဲ့ လိုအပ်လာရင် လုပ်ဆောင်ရနိုင်တယ်လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။

.

အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ဟာ အီရန်နိုင်ငံအတွင်း အကြီးစားစစ်ဆင်ရေးတွေ ပြန်လည်စတင်နိုင်ဖို့ ပြင်ဆင်မှုတွေ အပြီးသတ်လုပ်ဆောင်နေပြီဖြစ်ပေမယ့် ဝါရှင်တန်အစိုးရဆီက စစ်ဆင်ရေးအသစ်စတင်ဖို့ ညွှန်ကြား ချက်တော့ မရရှိသေးဘူးလို့ အမေရိကန်အရာရှိတစ်ဦးကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။

.

Ref – Fox News

.

No comments:

Post a Comment

Pages