.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
.
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တောင်ဘက်
ဆောင်နမ်မြို့၊ ဘွန်ဒန်းခရိုင်မှာ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက အများ ပြည်သူသုံး
ဘတ်စ်ကားတစ်စီးဟာ အခြားယာဉ်တွေကို ဆက်တိုက်ဝင်တိုက်ခဲ့ တာကြောင့် လူ ၉ ဦး
ဒဏ်ရာပြင်းထန် ပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
.
.အဲဒီဘတ်စ်ကားဟာ မနက် ၇ နာရီ ၃၄ မိနစ်ဝန်းကျင်မှာ
မီးပွိုင့်မှာ စောင့်နေတဲ့ ယာဉ်တွေအပါအဝင် အခြားယာဉ် တွေကို ဝင်တိုက်ပြီးနောက်
လမ်းလယ်ကျွန်းကာရံထားတဲ့ အတားအဆီးကို ထပ်မံတိုက်မိခဲ့တာဖြစ်ပါတယ်။
.
မတော်တဆမှုမှာ ဘတ်စ်ကား ၄ စီး၊
ကုန်တင်ကားတစ်စီးနဲ့ ခရီးသည်တင်ကား ၂၇ စီး စုစုပေါင်း ယာဉ် ၃၂ စီး ပါဝင် ခဲ့တယ်လို့
သိရပါတယ်။
.
အခင်းဖြစ်ပွားရာနေရာကို မီးသတ်ဝန်ထမ်း ၈၈ ဦးနဲ့
ကယ်ဆယ်ရေးယာဉ် ၃၃ စီး စေလွှတ်ခဲ့ပြီး အရေးပေါ် ဆေး ကုသရေးစခန်းလည်း
ဖွင့်လှစ်ခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် ဘတ်စ်ကားရဲ့ ရှေ့ပိုင်းဟာ
အတော်လေးပျက်စီးသွားပြီး လမ်းလယ်အတားအဆီးပေါ်မှာ တင်နေခဲ့တယ်လို့
သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
.
ဘတ်စ်ကားမောင်းသူလည်း ဒဏ်ရာရရှိခဲ့ပြီး ကားထဲကနေ
ကယ်ထုတ်ပြီးနောက် ဆေးရုံတင်ပို့ထား ရတယ်လို့ KBS သတင်းဌာနက
ဖော်ပြပါတယ်။
.
ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို
သိရှိနိုင်ဖို့ ရဲတပ်ဖွဲ့က ပျက်စီးသွားတဲ့ယာဉ်ရဲ့ Black Box မှတ်တမ်းနဲ့
CCTV ရုပ်သံတွေကို စစ်ဆေးသွားမယ်လို့ SBS သတင်းဌာနက ဖော်ပြပါတယ်။
.
Ref – CNA
.

No comments:
Post a Comment