.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ပြီးခဲ့သည့်
ရက်ပိုင်းမှစ၍ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ့်စန်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော
နမ့်လတ်ချောင်းရေလျှံကာ ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် နေအိမ်ဝိုင်းများ အတွင်း
ရေများဝင်ရောက် လျက်ရှိကြောင်း သိရသည်။
.
.ရေဝင်ရောက်သော နေရာများမှာ
မြေနိမ့်ပိုင်းဖြစ်သော အမှတ် (၁) ရပ်ကွက် နှင့် အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄)
ရပ်ကွက် ချောင်းဘေးနေရာများရှိ လူနေအိမ်များ စုစုပေါင်း အိမ်ခြေ ၃၅၀ ခန့် ရေများဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးမှ
ပျက်စီးဆုံးရှုံးမှုအခြေအနေစာရင်း အသေးစိတ် ကောက်ယူခြင်းနှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊
စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးခြင်းများကို တာဝန်ရှိသူများ၊
မြို့မိမြို့ဖ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
.jpg)
No comments:
Post a Comment