.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် နိုဝင်ဘာလ ၉ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား
၆ သိန်းကို သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ နိုဝင်ဘာလ ၉ ရက်၊ နေ့လယ် ၂ နာရီခန့်က
ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေခဲ့ကြောင်း
သိရသည်။
.
ထိုသို့ စစ်ဆေးရှာဖွေနေစဉ် ယာဉ်မောင်း သန်းထိုက်အောင်
မောင်းနှင်ပြီး မခင်သီတာအောင် (ခ) မီးမီး လိုက်ပါစီးနင်းလာသည့် SUZUKI
CARRY အမျိုးအစား အဖြူရောင်ယာဉ်အား တားဆီးစစ်ဆေးရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့်
စိတ်ကြွဆေးပြား ၆၀၀၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၀၀၀ အား တွေ့ရှိသိမ်းဆည်း
ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ
သန်းထိုက်အောင်နှင့် မခင်သီတာအောင် (ခ) မီးမီး တို့ နှစ်ဦးအား ရွာငံမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူပြီး
ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment