.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
,
အီရန်ဘက်က အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ
ရှိလာတာကြောင့် မကြာသေးခင်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်ဟာ သူ့နေအိမ်ကနေ
စစ်ဘက်အခြေစိုက်စခန်း တစ်ခုကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့ သတင်း ရင်းမြစ်တွေကို
ကိုးကားပြီး New York Times က အင်္ဂါနေ့မှာ ဖော်ပြပါတယ်။
.
.အီရန်ဟာ အမေရိကန်ဝန်ထမ်းတွေကို ပစ်မှတ်ထားဖို့
ကြိုးပမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာပြီး အမေရိကန်နိုင်ငံသား တွေကို အီရန်ဘက်က
သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်နေမှုတွေဟာ “အဆင့်မြင့်အခြေအနေ” အထိ
ရောက်နေပြီလို့ Trump အစိုးရရဲ့ အကြီးတန်း ထောက်လှမ်းရေး
အရာရှိတစ်ဦးက ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ Reuters က
ရရှိထားတဲ့ မှတ်တမ်းတစ်စောင်မှာ သတိပေးထားပါတယ်။
.
ဘက်ဆင့်အပေါ် ခြိမ်းခြောက်မှုတွေ ဘယ်လောက်အထိ
ပြင်းထန်တယ်ဆိုတာတော့ ချက်ချင်း မသိရသေးဘူးလို့ သတင်းစာက ဖော်ပြပါတယ်။
.
အီရန်ဘက်ကတော့ အမေရိကန်မြေပေါ်မှာ
အမေရိကန်အရာရှိတွေနဲ့ ပြည်သူတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့
စွပ်စွဲချက်တွေကို အရင်က ငြင်းဆိုထားပါတယ်။
.
အမေရိကန်အရာရှိတွေကလည်း အီရန်အနေနဲ့ အမေရိကန်နဲ့
နိုင်ငံရပ်ခြားက တခြားနေရာတွေမှာ အကြီးစား တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်စွမ်းဟာ
ကန့်သတ်ချက်ရှိတယ်လို့ သုံးသပ်ထားပါတယ်။
.
အမေရိကန်ဘဏ္ဍာရေးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး
ချက်ချင်း တုံ့ပြန်ချက် မပေးသေးပါဘူး။
.
ဘက်ဆင့်ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့
အမေရိကန်-အစ္စရေး စစ်ပွဲကာလအတွင်း အီရန်အပေါ် ဝါရှင်တန်ရဲ့
စီးပွားရေးဖိအားပေးမှုတွေကို ဦးဆောင်ပြောကြားနေတဲ့ အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။
.
အဲဒီစစ်ပွဲအတွင်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့
အီရန်အပေါ် တိုက်ခိုက်မှုတွေနဲ့ အစ္စရေးရဲ့ လက်ဘနွန်အပေါ် တိုက်ခိုက်မှုတွေကြောင့်
လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး သန်းနဲ့ချီတဲ့ လူတွေ နေရပ်စွန့်ခွာခဲ့ရပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment