ရွှေညောင်မြို့ရှိ ရေဘေးသင့်အိမ်ထောင်စုများကို ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေးထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, November 11, 2026

ရွှေညောင်မြို့ရှိ ရေဘေးသင့်အိမ်ထောင်စုများကို ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေးထား

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

.

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ‌ရွှေညောင်မြို့ရှိ ရေဘေးသင့် အိမ်ထောင်စု ၃၀၀ ကျော်ကို လှိုင်ဘုံသာ ရပ်ကွက်၊ ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

.

.

‌ရွှေညောင်မြို့တွင် နိုဝင်ဘာလ ၉ ရက်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နံနက်ပိုင်း၌ မြို့ပေါ်ရှိ လူနေရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၌ ‌ရေဝင်ရောက်နေခြင်းဖြစ်ပြီး ရေဘေးသင့် အိမ်ထောင်စု ၁၀၆ စုမှ လူဦးရေ ၃၈၈ ဦးတို့အား ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် စောင့်ရှောက် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

.

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေညောင်ကုန်းလှိုင်ကန်နှင့် ကျီးဖြူကန်တို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်မှ စတင်၍ ကန်ရေလျှံတက်ပြီး ရွှေညောင်မြို့အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ရေဝင်ရောက်မှုကြောင့် ရွှေညောင်မြို့ရှိ စပါးစိုက်ခင်းများနှင့် ရာသီသီးနှံစိုက်ခင်းများတွင် ရေဝင်ပျက်စီး မှုများရှိပြီး တောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ထံက သိရသည်။

.

ထို့အတူ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူကလည်း “နမ့်လတ်ချောင်း (တာယောချောင်း) ရေလျှံတဲ့အတွက် စပါးခင်းတွေ၊ ပြောင်းတို့၊ ရာသီသီးနှံစိုက်ခင်းတို့ ရေဝင်တာတော့ရှိတယ်။ ပျက်စီးမှုရှိ/မရှိကတော့ ရေပြန်ကျတဲ့အချိန်မှာ သီးနှံရဲ့ ခံနိုင်ရည်ကို မူတည်ပြီး သိရမှာပါ” ဟု ပြောဆိုခဲ့သည်။

.

ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နေ့လယ်ပိုင်းတွင် မိုးရွာသွန်းမှု နည်းပါးသွားသော်လည်း ရွှေညောင်မြို့ပေါ်တွင် ရေတင်ကျန်နေဆဲဖြစ်သည်ဟု သိရသည်။

.

No comments:

Post a Comment

Pages