တောင်ကြီး အထက (၁) တွင် လူငယ်ရေးရာ အသိပညာပေးဟောပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, November 11, 2026

တောင်ကြီး အထက (၁) တွင် လူငယ်ရေးရာ အသိပညာပေးဟောပြော

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

.

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူး၍ တောင်ကြီးမြို့၊ သစ်တော ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်း ခန်းမတွင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်က လူငယ်များတွင် စူးစမ်းလေ့လာလိုစိတ်၊ နည်းပညာအသုံးချနိုင်စွမ်းနှင့် အဖွဲ့အစည်းအလိုက် ပူးပေါင်း ဆောင်ရွက်နိုင်သည့် အားသာချက်များ ရှိပြီး ယင်းအားသာချက်များကို ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်ပါက လူငယ်များသည် ဘေးအန္တရာယ်ကို ခံနိုင်ရည် ရှိသည့် လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်ရာတွင် အဓိကအခန်းကဏ္ဍမှာ ပါဝင်လာနိုင် မည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

.

ထို့နောက် ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး နန်းခမ်းလူနှင့် တာဝန်ရှိသူများက အားကစားပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ရာ ပြည်နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ယဉ်မင်းစုနှင့် တာဝန်ရှိသူတို့က အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းယုအောင် က စူပါအယ်လ်နီညိုဘေးဒဏ် ကြံ့ကြံ့ခံတုံ့ပြန်နိုင်ရေး လူငယ်များကဖော်ဆောင်ပေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

.

ထို့နောက် Myanmar Youth Fellowship (MYF) လူငယ်လှုပ်ရှားမှု Video Clip ပြသပြီး Myanmar Youth Fellowship မှ Mind Specialist ဆရာဦးဂျာလမှ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages