.
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက်၊
မြို့မဈေး ဆိုင်ကယ်စတန်း အောက်ရှိ သံလွင်လမ်း တွင် အဝေးပြေးယာဉ်လိုင်း ကားဂိတ်များနှင့်
ကုန်တင်ကုန်ချ ပြုလုပ်သည့် ယာဉ်များကြောင့် လမ်းပိတ်ဆို့မှု နေ့စဉ်ဖြစ်ပေါ်နေပြီး ရပ်ကွက်နေ
ပြည်သူများ အနေဖြင့် သွားလာရေး အခက်အခဲဖြစ်နေရကြောင်း သိရသည်။
.
.“ဒီလမ်းထဲမှာ ကားကြီးကွင်းလို ဖြစ်နေတာပါ။ တချို့ဂိတ်တွေဆိုရင်
အဲဒီနားမှာပဲ ညအိပ်တယ်။ ညနေပိုင်း ဆိုရင် ကားသမားတွေက သောက်စားတာတွေ ရှိတယ်။ ကားဂိတ်က
အရမ်းများလာတော့ လမ်းကြပ် လာတယ်။ သူတို့က ကားကို ဘေးချင်းယှဉ်ရပ်ပြီးတော့ ပစ္စည်းအတင်အချလုပ်တယ်။
ပြောရင်လည်း ကိုယ့်ကိုယ် ရန်လုပ်တယ်” ဟု ကံရှေ့ရပ်၊ သံလွင်လမ်းနေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်း
သို့ ပြောသည်။
.
ကားဂိတ်များသည် အဆိုပါ သံလွင်လမ်းအတွင်း လက်မှတ်အရောင်းသာမက
ကုန်ပစ္စည်း အတင်အချနှင့် ခရီးသည် စောင့်ဆိုင်းမှုများပါ ပြုလုပ်နေပြီး တစ်နေကုန် လမ်းပိတ်ဆို့ကာ
အခက်အခဲဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ သံလွင်လမ်းအတွင်းရှိ ကားဂိတ်များအပါအဝင် တောင်ကြီးမြို့ပေါ်ရှိ
အဝေးပြေး ကားဂိတ်များ အားလုံးကို သက်ဆိုင်ရာ ကားကွင်းအသီးသီးသို့ ပြောင်းရွှေ့ရန် ယခင်ကတည်းက
ညွှန်ကြားထားပြီး ဖြစ်သော်လည်း ယခုအခါ ကားဂိတ်များက လက်မှတ်အရောင်း ဟန်ပြကာ ခရီးသည်နှင့်
ကုန်ပစ္စည်း အတင်အချ ပြုလုပ်ခြင်း၊ တစ်နေကုန် ကားထိုးစောင့်ဆိုင်းခြင်းများ ပြုလုပ်နေသည့်အတွက်
လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း သိရသည်။
.



No comments:
Post a Comment