တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အောင်သပြေ လမ်းတွင် ကိုယ်ထူကိုယ်ထ ကတ္တရာ ခင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, March 31, 2026

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အောင်သပြေ လမ်းတွင် ကိုယ်ထူကိုယ်ထ ကတ္တရာ ခင်း

.

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်

.

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၁)ရှိ အောင်သပြေလမ်းမှ အောင်မြေဘုံစံကျောင်းနှင့် ဓမ္မပါရမီကျောင်းကြားရှိ လမ်းကို ကိုယ်ထူကိုယ်ထ အဖြစ် မတ်လ ၃၀ ရက်တွင် ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.


.

အဆိုပါ လမ်းကို တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက်မှ ၈၈၈၈ ဆရာတော် ဦးဆောင်ကာ စိန်ပန်းရပ်ကွက်၊ နယ်မြေ(၁)၊ အောင်သပြေလမ်းနေ ပြည်သူများနှင့် စည်ပင်သာယာရေးဌာန၏ ပါဝင် ကုသိုလ်ယူမှုဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ အခြေခံ လူတန်းစားတွေ နေတာ များတဲ့ နေရာပေါ့။ သူတို့တွေ သွားလာရေး အဆင်ပြေဖို့အတွက် ကတ္တရာ ခင်းပေးတာပါ။ နယ်မြေ(၁) အောင်သပြေလမ်းက ပြည်သူတွေနဲ့ ဆရာတော်က ကုသိုလ်ယူ ထည့်ဝင်တယ်။ ၂၀၀၀ ခုနှစ်ကလည်း စိန်းပန်းရပ်ကွက် အတွင်းရှိ လမ်းများ အားလုံးကို မြေသားလမ်းမှ ကတ္တရာလမ်း အဖြစ် ဆရာတော်ကိုယ်တိုင် ဦးစီးပြီး ခင်းခဲ့ပါတယ်။ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၁/၂/၃) ထဲက လမ်းတွေက အခုဆို နှစ်ပေါင်း ၂၆ နှစ် ရှိပြီဆိုတော့ တချို့လမ်းတွေက ပြန်လည် ပြင်ဆင်ဖို့တော့ လိုအပ်နေပါပြီ။ မြို့နယ်စည်ပင်က လိုအပ်တာတွေ ပါဝင် ကုသိုလ် ယူကြပါတယ်။" ဟု ၈၈၈၈ ဆရာတော်က မိန့်ကြားသည်။

.

ကတ္တရာလမ်း ခင်းကျင်းနိုင်ရေးအတွက် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ကတ္တရာ၊ ယာဉ်/စက် ယန္တရားနှင့် အင်ဂျင်နီယာ ပညာရှင်ဖြင့် ပါဝင်ကုသိုလ် ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ၈၈၈၈ ဆရာတော်နှင့် စိန်ပန်းရပ်ကွက်၊ နယ်မြေ(၁)၊ အောင်သပြေလမ်းနေ ပြည်သူများမှ ငွေကျပ် ၆၁ သိန်း‌ကျော်အား ကုသိုလ်ယူ ထည့်ဝင် လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

.

ကတ္တရာခင်းသည့် လမ်းပိုင်းမှာ အရှည် ၂၀၀ ပေ၊ အကျယ် ၁၅ ပေ ရှိကာ စုစုပေါင်း ငွေကျပ် ၆၁ သိန်း ကုန်ကျပြီး အများ ပြည်သူ သွားလာမှု အဆင်ပြေစေရေးအတွက် ကိုယ်ထူကိုယ်ထ အဖြစ် စုပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages