ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် ကိုယ်ထူကိုယ်ထ ကတ္တရာလမ်း ခင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, March 21, 2026

ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် ကိုယ်ထူကိုယ်ထ ကတ္တရာလမ်း ခင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်


​ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် ရပ်ကွက်နေ ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်နေကြောင်း သိရသည်။

.

​" ကျွန်တော်တို့ ဒီလမ်းဖြစ်မြောက်ရေးအတွက် အခက်အခဲတွေ အများကြီး ရှိပါတယ်။ အဓိကတော့ ဘဏ္ဍာငွေ ရရှိရေးပေါ့။" ဟု လမ်းဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး ဦးသိန်းဌေးက ပြောသည်။


​အဆိုပါလမ်းသည် ရပ်ကွက်မှ ဖြတ်သန်း၍ သုဿာန်သို့ သွားရာ လမ်း ဖြစ်ကာ မိုးရာသီတွင် သွားလာရန် ခက်ခဲသောလမ်း ဖြစ်ကြောင်းနှင့် လမ်းအရှည်မှာ ပေ ၁၂၀၀ ခန့် ရှိကြောင်း သိရသည်။

.

"မြေသားလမ်း ဖြစ်တာကြောင့် ရပ်ကွက်အတွင်းက ပြည်သူတွေ အဆင်ပြေပြေနဲ့ သွားလာနိုင်အောင် မြေသားလမ်းကနေ ကတ္တရာလမ်းအဆင့် မြှင့်တင်ဖို့ ဆောင်ရွက်နေတာပါ။ ကျွန်တော်တို့မှာ အစိုးရ ရန်ပုံငွေ မရှိပါဘူး။ ရပ်ကွက်ရဲ့ သုဿာန်လမ်း ဖြစ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းမှု၊ လုပ်အားဒါနတွေနဲ့ အကောင်အထည် ဖော်ခဲ့တာပါ။" ဟု ဦးသိန်း‌ဌေး က ဆိုသည်။

.

​လမ်းဖြစ်မြောက်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့ကာ ကတ္တရာ ရရှိရေးအတွက် မြို့နယ်ထွေအုပ်နှင့် စည်ပင်သို့ တင်ပြထား‌ကြောင်းလည်း သိရသည်။

.

​" ဒီကနေ့ အခြေခံအောက်ခံ အမာခံကျောက်တွေ ခင်းပြီးပါပြီ။ ၈၀ ရာခိုင်နှုန်းလောက် ပြီးပါပြီ။ ကတ္တရာ ရောက်တာနဲ့ မိုးမကျခင် အပြီး ဆောင်ရွက်သွားဖို့ စီမံထားပါတယ်။ လမ်းရဲ့ ကုန်ကျစရိတ်ကတော့ ကျပ်သိန်း ၄၅၀ နဲ့  ၅၀၀ လောက် ကုန်ကျမယ်လို့ မျော်မှန်းထားပါတယ်။"ဟု လမ်းကော်မတီ အတွင်းရေးမှူး က ရှင်းပြသည်။


ဆီဆိုင်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ အတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြို့ခံ ပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအခါ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့သဖြင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ရပ်ကွက်အချို့၌ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

.

#KBZTai  #Shan  #HsiHseng

No comments:

Post a Comment

Journal Download

Photo of three cats

Pages