နာရေးကူညီမှုအသင်းများ အဝေးလူနာပို့ ခရီးစဉ်များတွင် စက်သုံးဆီအခက်အခဲ ဖြစ်ပေါ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, March 17, 2026

နာရေးကူညီမှုအသင်းများ အဝေးလူနာပို့ ခရီးစဉ်များတွင် စက်သုံးဆီအခက်အခဲ ဖြစ်ပေါ်နေ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်

.

နာရေးနှင့် လူမှုကူညီရေးအသင်းများအနေဖြင့် ရပ်ဝေးသို့ လူနာနှင့် Dead Body များ သွားရောက်ပို့ဆောင်ရာတွင် စက်သုံးဆီမလုံလောက်သည့် အခက်အခဲများ ဖြစ်ပေါ်ကြုံတွေ့နေရသည်ဟု သိရသည်။

.

.

“မြို့ပေါ်တောင် မိတ်ဆွေကောင်း (အလှူရှင်) က မြို့အတွက် ကူညီပေးလို့ အဆင်ပြေရုံလောက်ရှိတာ။ ရပ်ဝေးပို့တာ လမ်းမှာ ဆီထည့်ရင် တစ်သောင်း နှစ်သောင်းဖိုးပဲရတော့ လူနာတို့ dead body တို့နဲ့ ရပ်ထား လို့လည်းမရ အရမ်းခက်ခဲပါတယ်။ မနေ့က ရန်ကုန်ကို dead body သွားပို့တာ အပြန် ပန့်ဆီမရလို့ အပြင်က ဝယ်ထည့်ရတော့ အဆင်မပြေဘူးပေါ့။ ဆီအပိုဝယ်ပြီး ပုံးနဲ့ထည့်ပြီး အရန်ယူသွားဖို့ ကိုလည်း ကြိုးစားနေ တယ်။ နိုင်ငံတော်အနေနဲ့ နာရေးကားတွေအတွက် အခုထက်ပိုပြီး ငဲ့ညှာပေးစေချင်ပါတယ်” ဟု အောင်ပန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။

.

ထို့အပြင် သေဆုံးသူများကို မီးသင်္ဂြိုဟ်ရာတွင်လည်း လောင်စာဆီလိုအပ်လျက်ရှိရာ မြတ်ရတနာ စက်သုံးဆီဆိုင်က တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနေသော်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးလူကြီးများမှ စီစဉ်ပေးနိုင်ပါက ပိုမိုကောင်းမွန် အဆင်ပြေမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

.

“တစ်ရက်ကို ပျှမ်းမျှ ၂ လောင်း အထက်ရှိတယ်။ တစ်ခါတလေ ၅ လောင်း၊ ၁၀ လောင်းလည်း ရှိတော့ ဆီက ဝယ်ရတာ အဆင်မပြေဘူး။ မြို့စီမံအုပ်ချုပ်ရေးကို တင်ပြဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

.

တစ်ခါ မီးတစ်ခါသင်္ဂြိုဟ်လျှင် ဒီဇယ်ဆီ ၈ ဂါလံ အသုံးပြုရပြီး အသုဘရှင်ကိုယ်စား အသင်းကသာ ဆောင်ရွက်ပေးရသဖြင့် ဆီရရှိမှု လွယ်ကူရန် လိုအပ်နေကြောင်း ၎င်းထံက သိရသည်။

.

ထို့အပြင် အခြားမြို့များရှိ ပရဟိတအသင်းကားများနှင့် မီးသင်္ဂြိုဟ်မှုများတွင်လည်း အလားတူ အခက်အခဲ များ ဖြစ်ပေါ်နေကြောင်း သိရသည်။

.

စက်သုံးဆီ လိုအပ်ချက် အဆင်ပြေစေရေး နိုင်ငံတော်မှ စီမံထားရာတွင် ခရီးဝေးသွားလာသော ကိုယ်ပိုင်ယာဉ်များ အနေဖြင့် စက်သုံး ဆီဖြည့်ရန် လိုအပ်ပါက Scan ထပ်မံဖတ်ရန်မလိုဘဲ ယင်းရက်အတွက် စက်သုံးဆီ ဝယ်ယူထားသည့် ငွေရှင်းပြေစာကို ပြသ၍ အဝေးပြေးလမ်းမကြီးများရှိ စက်သုံးဆီဆိုင်များနှင့် မိုင် ၁၀၀ အထက် မြို့များရှိ စက်သုံးဆီဆိုင်များတွင် ထပ်မံ ဝယ်ယူနိုင်သည်ဟု ဆိုသော်လည်း လုံလောက်စွာ ဝယ်ယူရရှိမှု မရှိ ဖြစ်နေရကြောင်း သိရသည်။

.

အိမ်သုံးကား Light Truck များကို တစ်ရက်လျှင် လောင်စာဆီ ၂၅ ဂါလံ ထည့်ခွင့်ရှိကြောင်း ဖော်ပြထား သည်။

.

No comments:

Post a Comment

Pages