ရှမ်းပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, March 17, 2026

ရှမ်းပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်

.

ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ယနေ့ မတ်လ ၁၇ ရက်၌ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ က ယမန်နေ့ မတ်လ ၁၆ ရက် ညပိုင်းတွင် သတိပေး နှိုးဆော်ထားသည်။

.


.

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ယနေ့ မတ်လ ၁၇ ရက်၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန် မိုး/ဇလက ထုတ်ပြန်ထားသည်။

.

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။

.

မိုးရွာသွန်းမည့် အခြေအနေအရ ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုး/ဇလက ဆိုသည်။

.

#KBZTai #Shan #Taunggyi #Weather

.

 

No comments:

Post a Comment

Journal Download

Photo of three cats

Pages