.
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊
အောင်ပန်းရဲစခန်းဘေးရှိ လမ်းအား ၅ နှစ်ကြာ ပိတ်ထားရာမှ မတ်လ ၁၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း
သိရသည်။
.
.အောင်ပန်းရဲစခန်းဘေးရှိ ဦးသန့်လမ်း၊ မိုးကောင်းရပ်ကွက်နှင့်
ရပ်ကွက် (၁)၊ ရပ်ကွက် (၂) ဆက်စပ်ရာ မိုးကောင်းလမ်းနှင့် ပြည်ထောင်စုလမ်းမကြီးတို့ကို
ဆက်သွယ်ပေးထားသည့် လမ်းကို မတ်လ ၁၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး မြို့သူမြို့သားများ
သွားလာနေကြပြီဖြစ်သည် ဟု သိရသည်။
.
“အခုလို ပြန်ဖွင့်ပေးတော့ ဒေသခံတွေအတွက် အများကြီး
အဆင်ပြေပါတယ်။ အထူးသဖြင့် အဲဒီနားက ဆိုင်တွေဆိုရင် ၅ နှစ်လုံးလုံး ပိတ်ထားရတာ။ အခုတော့
ပြန်ဖွင့်နိုင်ပါပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါ လမ်းဆုံအား ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက စတင်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး
ယင်းကဲ့သို့ လမ်းပိတ်ပင် ထားမှုကြောင့် ဒေသခံပြည်သူများ သွားလာရန် အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း
သိရသည်။
.



No comments:
Post a Comment