.
၂၀၂၆
ခုနှစ်၊ မတ်လ ၂၈ ရက်
.
ငလျင်ဘေးတွင်
ကူညီဆောင်ရွက်ပေးခဲ့သည့် ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ်နှင့် အသင်းအဖွဲ့များကို ယနေ့
မတ်လ ၂၈ ရက်တွင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်ဟု သိရသည်။
.
ပြင်းအား
၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှု တစ်နှစ်ပြည့် အခမ်းအနားကို ယနေ့ မတ်လ ၂၈
ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမတွင်
ကျင်းပရာ အခမ်းအနားတွင် အသင်းအဖွဲ့နှင့် လူပုဂ္ဂိုလ် ၂၈ ခုတို့အား ဂုဏ်ပြု
မှတ်တမ်းလွှာများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အခမ်းအနားတွင်
တက်ရောက်လာသူများက ငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်
၁ မိနစ် ငြိမ်သက်ခဲ့ပြီး တာဝန်ရှိသူများက အမှာစကားများ ပြောကြားခဲ့သည်။
.
ထို့နောက်
ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်မှုများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့ အသီးသီးမှ
တာဝန်ရှိသူများ၊ အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး
ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်မှုမှတ်တမ်း Video ဖြင့် ပြသ ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် ငလျင်ကြီး၏ ရိုက်ခတ်မှုကြောင့်
ရှမ်းပြည်နယ်အတွင်းရှိ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသတွင် အများဆုံး
ထိခိုက်ခဲ့ပြီး ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်လည်း ဟိုတယ်အောင်ပန်း အဆောက်အဦ
ပြိုကျမှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
.



No comments:
Post a Comment