.
အစေ့ထုတ်ပြောင်း (မိုး) စိုက်ပျိုးမည့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင် မီးရှို့ခြင်း မပြုလုပ်ရန် မီးခိုးမြူ ကင်းစင်ကြောင်း ထောက်ခံချက် ထုတ်ပေးရေးလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့က အသိပေး တားမြစ်ထားသည်ဟု သိရသည်။
.
သို့ဖြစ်၍ အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် တောင်သူများ အနေဖြင့် အစေ့ထုတ်ပြောင်း (မိုး) စိုက်ရာသီမတိုင်မီ စိုက်ပျိုးမည့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင်မီးရှို့ခြင်းအား လုံးဝ ဆောင်ရွက်ခြင်းမပြုရန် အဆိုပါ လုပ်ငန်းအဖွဲ့က အသိပေး တားမြစ်ထားခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင် ရွေ့ပြောင်းတောင်ယာစနစ် ကျင့်သုံးခြင်း၊ စိုက်ပျိုးရေး စွန့်ပစ် အမှိုက်သရိုက်များအား မီးရှို့ခြင်းတို့ကြောင့် နှစ်စဉ် မီးခိုးမြူငွေ့များ ပျံ့နှံ့ရောက်ရှိခဲ့ပြီး လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
.
ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့တွင်လည်း လေထု အရည်အသွေးမှာ အနီရောင်အဆင့်သို့ ရောက်ရှိ နေကြောင်း တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။



No comments:
Post a Comment