ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရသူများတွင် ရှမ်းပြည်နယ်မှ ၃၀၉ ဦး ပါဝင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, April 17, 2026

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရသူများတွင် ရှမ်းပြည်နယ်မှ ၃၀၉ ဦး ပါဝင်



နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သူများတွင် ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား/သူ ၃၀၉ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

.

“ ပြစ်ဒဏ် တစ်ဝက် ကျခံပြီးတော့ ကျခံရန် ကျန်ကာလ ၂ နှစ်နဲ့အောက် ရှိတဲ့သူတွေ လွတ်ကြတာပါ။ ဒါပေမယ့် အကုန်လုံး ခံစားခွင့်တွေ ရကြတာဆိုတော့ ကျန်ခဲ့ရတဲ့သူတွေလည်း ပျော်နေကြပါတယ်။ အဝါဝတ် (သေဒဏ်ကျခံရသူ) တွေလည်း အရောင်ပြောင်း (ပြစ်ဒဏ်လျော့)ကြတယ်။ နောက် လာမည့် ကဆုန်လပြည့်နေ့ကို ထပ်မျှော်နေကြပါတယ်။” ဟု ပြန်လည် လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။

.

ညောင်ရွှေအကျဉ်းထောင်မှ ၁၀၈ ဦး၊ ကျိုင်းတုံအကျဉ်းထောင်မှ ၁၉ ဦး၊ လားရှိုးအကျဉ်းထောင်မှ ၇၇ ဦး၊ မိုင်းဆတ်ထောင်မှ ၉ ဦး၊ တောင်ကြီးအချုပ်ထောင်မှ ၁ ဦး၊ ထီးခမ်းစခန်းမှ ၃၂ ဦး၊ ဘန်းကန်စခန်းမှ ၃၃ ဦး၊ တောင်လေးလုံးစခန်းမှ ၃၀ ဦး၊ စုစုပေါင်း ၃၀၉ ဦး အသီးသီး လွတ်မြောက် လာကြခြင်း ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment

Pages