.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊
တာယောကျေးရွာရှိ ငှက်ပျောတော တစ်ခုအတွင်း ယမန်နေ့ ဧပြီလ ၁၇ ရက်၊ ည ၇ နာရီခွဲခန့်က အမျိုးသားတစ်ဦးအား
သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။\
.
.သေဆုံးသူမှာ အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်နေ
ညီညီအောင် ဆိုသူဖြစ်ပြီး ညောင်ကုန်းကျေးရွာ ကျောက်ဘီလူးချောင်းကမ်းပါးလျှိုအတွင်း
ငှက်ပျော တောအနီး၌ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့်
အောင်ပန်းမြို့၊ နာရေးကူညီမှု အသင်းယာဉ်ဖြင့် ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း
သိရသည်။
.
အဆိုပါ သေဆုံးသူ ညီညီအောင်မှာ သွေးတိုးရောဂါရှိခြင်းကြောင့်
လျှိုအတွင်းမှ ချောင်းကမ်း ပါးပေါ်သို့ ၎င်းခုတ်ထားသော ငှက်ပျောရွက်များအားထမ်း၍
တက်စဉ် နောက်ပြန်လန်ကျပြီး အသက်ရှူရပ်၍ သေဆုံးသည့် လက္ခဏာ ရှိကြောင်း ကလောဆေးရုံ၏ လတ်တလော
စစ်ဆေးချက်အရ သိရသည်။
.
အဆိုပါ အမျိုးသား သေဆုံးခြင်းနှင့်ပတ်သက်ပြီး
ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ကလောရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်
(၃/၂၀၂၆) ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.


No comments:
Post a Comment