ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေး ထိုးကျ၍ တောင်သူများ အခက်အခဲ ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, April 12, 2026

ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေး ထိုးကျ၍ တောင်သူများ အခက်အခဲ ဖြစ်နေ


ရှမ်းပြည်နယ်တောင်ပိုင်း၏ ကုန်စိမ်း ဈေးကွက်၌ ယခု ရက်ပိုင်း အတွင်း ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေး  ထိုးကျသွားသဖြင့် စိုက်ပျိုးတောင်သူများ အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။

.

ယခင်ရက်ပိုင်းက ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ဈေး ရှိသော်လည်း ယခုတွင်မူ ၅၀၀ ကျပ်မှ ၆၀၀ ကျပ် ဝန်းကျင်သာ ရှိတော့ခြင်း ဖြစ်ပြီး ကုန်ပစ္စည်းနှင့် ဝယ်ယူသည့် ပွဲရုံအပေါ် မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာဟမှု ရှိနိုင်ကြောင်း သိရသည်။

.

အဲဒီတော့ ဘာပြဿနာ ရှိလာတုန်းဆိုတော့ တောင်သူတွေက အခင်းမှာ ပေးရတဲ့ လုပ်အားခရယ်။ ကားအတွက် စက်သုံးဆီ ရှာရတဲ့ အခက်အခဲတွေကြောင့် စိုက်ခင်းတွေကနေ လာ မရောင်းချင်တော့ဘူး၊ ကုန်ကျစရိတ်နဲ့ ရတဲ့ဈေးက အဆင်မပြေဘူး ဖြစ်နေတာ။ တချို့နေရာတွေမှာ မခုတ်ဘဲ ထားကြတယ်။ ခုတ်ပြီးသားတွေကိုလည်း ပစ်လိုက်ကြတာတွေလည်း ရှိကြတယ်။ လိုချင်တဲ့သူ ရှိရင် ပေးလိုက်တာ များတယ်။” ဟု ဂေါ်ဖီစိုက် တောင်သူ တစ်ဦးက ရှင်းပြသည်။

.

စိုက်ပျိုးရေး တောင်သူများ အနေဖြင့် စိုက်ပျိုးသီးနှံ ဈေးနှုန်းများ ကျဆင်း၍ အခက်အခဲ ဖြစ်နေရသည့်အပြင် စက်သုံးဆီ အခက်အခဲများလည်း ရှိနေသည်ဟု သိရသည်။

.

“ စိုက်တောင်သူတွေ အများဆုံး သယ်ပို့တဲ့ ယာဉ်တွေက လိုင်စင်မဲ့တွေ များတယ်၊ အဲဒီအတွက် ဆီ ထုတ်လို့ မရတော့ ဆီကို အပြင်မှောင်ခိုဈေး မတန်တဆဈေးနဲ့ ဝယ်ကြရတာ။ စိုက်ပျိုးစရိတ်ကလည်း များတယ်။” ဟု ၎င်းက ညည်းတွားသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဂေါ်ဖီကို တီကျစ်၊ နောင်တရား၊ ပင်လောင်း၊ ဟဲဟိုး၊ ရွှေညောင်၊ ညောင်ရွှေနှင့် ရပ်စောက် စသည့် ဒေသတို့တွင် အများဆုံး စိုက်ပျိုးကြကာ ပင်းတယ၊ ရွာငံကဲ့သို့သော ရေပေါသည့် နေရာများတွင်လည်း ရေခြံအဖြစ် စိုက်ပျိုးကြသည်ဟု သိရသည်။

.

ကုန်စည် စီးဆင်းမှု အနေဖြင့် ယခင်က ကုန်တင်ယာဉ် အစီးရေ ၈၀ မှ ၁၀၀ ထိ ရှိခဲ့သော်လည်း ယခုတွင်မူ အစီးရေ ၃၀ ဝန်းကျင်သာ ရှိတော့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာ၊ မြင်းခြံ၊ မော်လမြိုင်၊ မုံရွာ၊ တောင်ငူ၊ ပဲခူး၊ ညောင်လေးပင် စသည့် ဈေးကွက်များသို့ တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages