.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်
.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းနှင့်
ဂုဏ်ထူးလမ်းထောင့်ရှိ မီးဘေးသင့် နေအိမ်အား ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က ယနေ့
ဧပြီလ ၁၂ ရက်၊ နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း
သိရသည်။
.
.အဆိုပါ မီးဘေးသင့်နေအိမ်အား ကူညီသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေး
ဆောင်ရွက်မှုကို ရှမ်းတောင် ပရဟိတညီနောင်များကွန်ရက် အဖွဲ့ဝင် အင်ဂျင်နီယာကော်မတီ ဥက္ကဋ္ဌ
ဦးသန်းထိုက် ဦးဆောင်၍ အဖွဲ့ဝင်များဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အိမ်ဝိုင်းသန့်ရှင်းရေး
ပြီးသည်အထိ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အကူအညီလိုနေတဲ့ သူတွေ
ရှိနိုင်တယ်။ အခုလို မီးဘေးသင့်လို့ အပျက်အစီး တွေကို ရှင်းလင်းဖို့ အခက်အခဲရှိနေတာမျိုးတွေ
တွေ့ရပါတယ်။ အင်ဂျင်နီယာကော်မတီကနေ ရှမ်းတောင် ပရဟိတအသင်းဝင်များနဲ့ လုပ်အားဒါန သန့်ရှင်းရေး
ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်” ဟု အင်ဂျင်နီယာ ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထိုက်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်းကဲ့သို့ သန့်ရှင်းရေး ဆောင်ရွက်ပေးရာတွင် ပထမအဆင့်အနေဖြင့်
မီးလောင်ကျွမ်းထားသည့် ပစ္စည်းများ၊ အမှိုက်များကို ဖယ်ရှားရှင်းလင်းပြီး အကာအရံများ
ပြုလုပ်ပေးခဲ့ကာ သင်္ကြန်ကာလ အပြီးတွင် ယင်း မီးဘေးသင့် အဆောက်အဦ ဖျက်သိမ်းရေးအတွက်
ထပ်မံကူညီဆောင်ရွက်ပေးသွားရန်ရှိကြောင်းနှင့် အခြား အကူအညီ လိုအပ်နေသည့် နေရာများတွင်လည်း
ကူညီဆောင်ရွက်ပေးသွားရန် ရှိကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊
နှင်းဆီလမ်းနှင့် ဂုဏ်ထူးလမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်၊
နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
.
Photo - ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်
.


No comments:
Post a Comment