ကျိုင်းတုံတွင် ဆိုင်ကယ်စီးလာသူတစ်ဦးကို ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Sunday, April 12, 2026

ကျိုင်းတုံတွင် ဆိုင်ကယ်စီးလာသူတစ်ဦးကို ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဧပြီလ ၁၀ ရက်၊ နံနက်ပိုင်းက ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား တစ်ဦးအား ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အမျိုးသားတစ်ဦးသည် ဧပြီလ ၁၀ ရက်၊ နံနက် အစောပိုင်းက ကျိုင်းတုံမြို့၊ ဝေါ်ခုတ်ရပ်ကွက်ဘက်သို့ ဆိုင်ကယ်စီးနင်းလာစဉ် အမည်မသိ လူတစ်စုက ဓားဖြင့်တိုက်ခိုက်ပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ် တို့ကို လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ လုယက်မှုကြောင့် ဓားဖြင့်ခုတ်ခံရသူမှာ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

.

ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၅ ရက်၊ နေ့လယ်ပိုင်းကလည်း ပိုက်ဆံအိတ် လုယက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့သေးပြီး လုယက်ခံရသူတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှူးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းဖြင့် ဖြေကြား၍မရကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

.

No comments:

Post a Comment

Pages