တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်အတက်လမ်း မြောက်ဘက်ခြမ်း A/C ကတ္တရာခင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Saturday, April 4, 2026

တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်အတက်လမ်း မြောက်ဘက်ခြမ်း A/C ကတ္တရာခင်း


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အရှေ့ဘက်တောင်ပေါ်ရှိ ရွှေဘုန်းပွင့်စေတီတော် အတက်လမ်း မြောက်ဘက်ခြမ်း ဖြစ်သော ဘုရားဖြူရပ်ကွက်၊ အေးစေတီအတက်လမ်းမှ ရွှေဘုန်းပွင့်လမ်းဆုံအထိ A/C ကတ္တရာခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

အဆိုပါ ရွှေဘုန်းပွင့်စေတီတော် အတက်လမ်း၊ ကတ္တရာကွန်ကရစ် ခင်းခြင်းလုပ်ငန်းအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က မတည်လှူဒါန်းပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ကမ္ဘောဇဘဏ်လီမိတက် နှင့် စိန်နှင်းဆီကုမ္ပဏီ လွိုင်ခမ်းအဆင့်မြင့် အိမ်ရာစီမံကိန်းတို့၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကာ အခြား အလှူရှင်များအနေဖြင့်လည်း လှူဒါန်းနိုင်ကြောင်း သိရသည်။




ဆောင်ရွက်မည့် လုပ်ငန်းများမှာ ဘုရားဖြူရပ်ကွက်၊ အေးစေတီ အတက်အဆင်းလမ်းမှ ရွှေဘုန်းပွင့် လမ်းဆုံအထိ အရှည် ၂ မိုင်၊ ၅ ဖာလုံအား အကျယ် ၁၈ ပေ၊ ထု ၂ လက်မ A/C ကတ္တရာခင်းခြင်း၊ လမ်းဘေးဝဲယာ ၂ ပေစီ ကွန်ရစ်ခင်းခြင်း လုပ်ငန်များ ဆောင်ရွက်သွားမည် ဖြစ်ပြီး စုစုပေါင်းကုန်ကျငွေ ကျပ်သိန်းပေါင်း ၂ သောင်းကျော် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

.

ရွှေဘုန်းပွင့်စေတီတော်၏ အတက်လမ်း တောင်ဘက်ပိုင်းဖြစ်သော ဆေးတက္ကသိုလ်ဘေးမှ ရွှေဘုန်းပွင့် လမ်းဆုံ အထိ လမ်းပိုင်းကို ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်များတွင် လွိုင်ခမ်း အဆင့်မြင့်အိမ်ရာစီမံကိန်းက A/C ကတ္တရာလှူဒါန်း ခင်းကျင်းပြီး ဖြစ်ရာ ယခု လမ်းပိုင်း ပြီးဆုံးသွားပါက တောင်ကြီးမြို့၏ အရှေ့ဘက်တောင်တန်း တစ်လျှောက် အစအဆုံး A/C ကတ္တရာလမ်းအဖြစ် အသုံးပြုနိူင်တော့မည် ဖြစ်ကြောင်း သိရသည်။



#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages