တောင်ကြီးမြို့ရှိ ၀န်းသိုစော်ဘွားကြီး၏ ဂူဗိမာန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, April 19, 2026

တောင်ကြီးမြို့ရှိ ၀န်းသိုစော်ဘွားကြီး၏ ဂူဗိမာန်



ရှမ်းပြည်နယ်မြိုတော်၊ တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ နယ်မြေ(၉)၊ အောင်မြတ်လမ်း ရှိ ၀န်းသိုစော်ဘွားကြီး ဦးအောင် မြတ်၏ ဂူဗိမာန်အား တွေ့မြင်ရခြင်း ဖြစ်သည်။

.

မောရိယမဟာဝံသသီရိသုဓမ္မရာဇာ ဘွဲ့တော်ရ ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ် ၏ ဂူဗိမာန် ဖြစ်သည့်အတွက် နောင်လာနောက်သား လူငယ်များ လာရောက် လေ့လာသင့်သည့် သမိုင်းဝင်နေရာ တစ်ခု ဖြစ်သည်။

.

၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် ၁၈၈၂ ခုနှစ်တွင် စံကားစော်ဘွားကြီး၏ သမီးတော် စဝ်ရွှေခြည်နှင့် ထိန်းမြားခဲ့ပြီး သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၆ ခုနှစ်မှ စတင်ကာ နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သူ ဖြစ်ကာ မြန်မာသက္ကရာဇ် ၁၃၂၆ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်၊ သက်တော် ၁၀၃ နှစ် အရွယ်တွင်ကွ ယ်လွန်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

.

No comments:

Post a Comment

Pages