အင်းလေးဒေသ ရေခန်းခြောက်မှု ပိုမို ဆိုးရွားလာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, April 19, 2026

အင်းလေးဒေသ ရေခန်းခြောက်မှု ပိုမို ဆိုးရွားလာ



ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေခန်းခြောက်မှု ပိုမို ဆိုးရွားလာနေသဖြင့် ဒေသခံများ အခက် ပိုမို ကြုံတွေ့လာနေကြောင်း သိရသည်။

.

ယခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့သည့် ရေခန်းခြောက်မှုမှာ ယခု ဧပြီလပိုင်းတွင် ပိုမို ဆိုးရွားလာနေခြင်း ဖြစ်ကာ လက်ရှိ ဟဲယာရွာမအင်းတိန်နှင့် အင်းလေးတောင်ပိုင်းရှိ ကျေးရွာ အများစုမှာ ရေလမ်းအစား ကုန်းလမ်းများကို ပိုမို အသုံးပြုလာရကြောင်း သိရသည်။

.

ရေခန်းခြောက်မှု နောက်ဆက်တွဲအနေဖြင့် ဒေသတွင်း ၅ ရက် တစ်ဈေး ရောင်းချသည့် စက်လှေများနှင့် အလည် လာရောက်သူများမှာ ကုန်းလမ်းကိုသာ အသုံးပြုလာနေသည်ဟု သိရသည်။

.

အင်းလေးဒေသ ရေခန်းခြောက်မှု ပို ဆိုးလာခြင်းက မိုးရာသီအတွင်း တောင်ကျချောင်းရေများ အင်းလေးကန်ထဲသို့ စီးဝင်လာခြင်းနှင့်အတူ နုန်းမြေထု ပို့ချလာမှုကြောင့် ဖြစ်ကာ အင်းလေးဖော်တော်ဦးဘုရား ဒေသစာရီကြွချီရာ အင်းတိန်မှ ရွာမသို့ သွားရောက်ရာလမ်းမှာ ကုန်းမြေ ဖြစ်နေပြီဟုလည်း သိရသည်။

.

အဆိုပါ ရေခမ်းခြောက်မှုနှင့် နုန်းထု မြင့်တက်လာမှုအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီက “ ကျွန်မတို့ အဓိက လုပ်ချင်တာကတော့ အင်းလေးကန်ထဲ ကျနေတဲ့ နုန်းမြေတွေကို ဆယ်ချင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး Back Hole နဲ့ပဲ ဆယ်တင်နေမယ်ဆိုရင် မိုးရွာ၊ ရေကြီးတဲ့အခါမှာ အဲဒီ ရွှံ့နွံတွေက ကန်ထဲကို ပြန်ကျတော့ ဘာမှ သိပ်ပြီး မထူးခြားဘူး။ ဒါကြောင့် နုန်းဆယ်နိုင်အောင် ကျွန်မ ကြိုးစားချင်တယ်။ အဲဒါကြတော့ ကျွန်မတို့ ချည်းပဲလည်း မနိုင်တော့ဘူး။ နိုင်ငံတော် အပိုင်းကရော အားလုံးက ဝိုင်းဝန်းပေးမှသာ အင်းလေးကန်ကြီး ရေရှည် တည်တံ့ခိုင်မြဲမှာပါ။” ဟု ပြောဆိုထားသည်။

.

အင်းလေးကန်ရှိ ကျေးရွာပေါင်း ၄၀၀ ကျော်တွင် ကုန်းရွာ၊ ရေတပိုင်း ကုန်းတပိုင်းရွာများနှင့် ရေလယ်ရွာများဟု မှတ်သားနိုင်သလို အင်းအရှေ့၊ အင်းအနောက်၊တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းဟူ၍လည်း မှတ်သားနိုင်ကာ အသက်မွေးဝမ်းကျောင်းမှု အနေဖြင့် စိုက်ပျိုးရေး၊ လက်မှုလုပ်ငန်းစားသောက်ကုန် လုပ်ငန်းနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ ရှိကြောင်း သိရသည်။


No comments:

Post a Comment

Pages