နမ့်ဖတ်ကာတွင် မော်တော်ယာဉ် တစ်စီး တိမ်းမှောက်၍ ၅ ဦးသေကာ ၁၃ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Sunday, April 12, 2026

နမ့်ဖတ်ကာတွင် မော်တော်ယာဉ် တစ်စီး တိမ်းမှောက်၍ ၅ ဦးသေကာ ၁၃ ဦး ဒဏ်ရာရ



ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာ၊ ပန်ဂျရောရ် ကုန်းဆင်း၌ ယမန်နေ့ ဧပြီလ ၁၁ ရက်၊ နံနက် ၁၀ နာရီခန့်က မော်တော်ယာဉ် တစ်စီး တိမ်းမှောက်ပြီး ဦး သေဆုံး၍ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

.

အရှိန်ပြင်း ဘရိတ်​ပေါက်တာ၊ မှောက်တဲ့ နေရာမှာ ၂ ဦး၊ ဆေးရုံပို့ရင်း လမ်းမှာ ဦး၊ ဆေးရုံမှာ ၁ ဦး သေတယ် အားလုံးနမ့်ဖတ်ကာ ဆေးရုံမှာ။” ဟု လူမှုကူညီသူ တစ်ဦးက ပြောသည်။

.

မန္တလေး-မူဆယ် ခရီးသည်တင် ယာဉ်သည် နမ့်ဖတ်ကာအထွက်  ကုန်းဆင်း တစ်နေရာတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ယာဉ်ပေါ်ပါသူ ၁၈ ဦးအနက် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦးပေါင်း ၅ ဦး သေဆုံးခဲ့ရကာ ၁၃ ဦးမှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages