တာချီလိတ်တွင် လေပြင်းတိုက်၍ ပျက်စီးမှု အချို့ ရှိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, April 19, 2026

တာချီလိတ်တွင် လေပြင်းတိုက်၍ ပျက်စီးမှု အချို့ ရှိ


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဧပြီလ ၁၈ ရက်၊ ညပိုင်းက လေပြင်းတိုက်ခတ်၍ မိုးသီးများ ကြွကျကာ သစ်ပင်များ ကျိုးကျခဲ့သဖြင့် ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

.

အမှတ် (၂) ချစ်ကြည်ရေး တံတားအနီးရှိ ဓာတ်တိုင် လဲကျခြင်း၊ ဂေါက်ကွင်းအနီးနှင့် စိန်ဂျူးစ် ဘုရားကျောင်း အနီးတို့ရှိ သစ်ပင်များ၊ ပါလျံရပ်ကွက်အတွင်းရှိ သစ်ပင်အချို့ ကျိုးကျခြင်း၊ ရွှေတိဂုံစေတီကုန်း အဆင်းရှိ ဆောက်လက်စ တိုက်၏ ငြမ်းများ ပျက်စီးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။


"ဒါ မိုးတောင် မစသေးဘူးဗျာ၊ လာမယ့် မိုးတွင်းတော့ ဒီထက် ဆိုးနိုင်တယ်။ မြို့က သဘာဝဘေးကို ခံနိုင်ရည် မရှိ ဖြစ်နေပြီ။" ဟု ပါလျံရပ်ကွက်နေသူ တစ်ဦးက ပြောသည်။


လက်ရှိတွင် ပျက်စီးဆုံးရှုံးမှု ရှိသည့်နေရာများအား စာရင်းကောက်ယူပြီး မြို့အထောက်အကူပြု ကော်မတီ အဖွဲ့မှသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ကူညီပေးနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

.

#KBZTai  #Shan  #Tachileik

No comments:

Post a Comment

Pages