ဟိုပုံးမြို့၌ စကားများ ရန်ဖြစ်ရာမှ သစ်သားတုံးဖြင့် ရိုက်သတ်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, April 18, 2026

ဟိုပုံးမြို့၌ စကားများ ရန်ဖြစ်ရာမှ သစ်သားတုံးဖြင့် ရိုက်သတ်မှု ဖြစ်ပွား



ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၌ ယနေ့ ဧပြီလ ၁၈ ရက် ညနေပိုင်းတွင် အမျိုးသား ၂ ဦး စကားများ ရန်ဖြစ်ရာမှ သစ်သားတုံးဖြင့် ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ(၁)ရှိ လမ်းတစ်ခုတွင် ခွန်တလဲင်နှင့် ခွန်မောင်ချားတို့ ၂ ဦးသည် အတူထိုင်လျက် အရက်သေစာ သောက်စားပြီး စကားများ ရန်ဖြစ်စဉ် ခွန်မောင်ချားက ခွန်တလဲင် အား ယူကလစ် သစ်သားတုံးဖြင့် ရိုက်နှက်ခဲ့ရာ ခွန်တလဲင်၏ ဝဲဘက်နား၊ ပါးစပ်၊ ဝဲဘက်ဦးခေါင်းတို့တွင် ဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ သတင်းရတာနဲ့ ချက်ချင်း ဖမ်းဆီးနိုင်ရေး လုပ်ဆောင်ရာမှာ အချိန်အတိုအတွင်းနဲ့ ထွက်ပြေးဖို့ စီစဉ်နေတဲ့ တရားခံကို အမြန်ဆုံး ဖမ်းမိနိုင်ခဲ့ပါတယ်။ အဓိက က အရက်ကြောင့် ဖြစ်ပွားခဲ့တာပါ။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

အဆိုပါ ယူကလစ် သစ်သားတုံးဖြင့် လူ သေဆုံးသည်အထိ ရိုက်နှက်ခဲ့သူ ခွန်မောင်ချား ကို ဟိုပုံးမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးကာ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Pages