ရှမ်းပြည်နယ်တောင်ပိုင်း၌ နနွင်းဈေး တက်လာဖွယ် ရှိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, April 4, 2026

ရှမ်းပြည်နယ်တောင်ပိုင်း၌ နနွင်းဈေး တက်လာဖွယ် ရှိ



ရှမ်းပြည်နယ် တောင်ပိုင်း၌ နနွင်းဈေးများ မြင့်တက်လာဖွယ် ရှိနေသဖြင့် တောင်သူများ လက်ဝယ်၌ မရှိတော့ဘဲ ပွဲစားများက ဝယ်ယူစုဆောင်း၍ လှောင်ထားလျက် ရှိကြောင်း သိရသည်။

.

လှောင်ထားကြတာက ၁၂ ဘီးနဲ့ ၅/၆ စီး ဝန်းကျင်လောက်တော့ ရှိတယ်။  ဒါပေမယ့် ကျီးခြေ မဟုတ်ဘူး၊ တောင်ပို့လတို့၊ ဆင်တောင်တို့ပေါ့။ ရှမ်းပြည်မှာက ကျီးခြေတို့ နနွင်း အမျိုးအစား မရှိဘူး။ ဈေးက တက်လာနိုင်တယ်။” ဟု ကုန်စည်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

.

လက်ရှိတွင် စက်သုံးဆီ အခက်အခဲ ရှိသော်လည်း လာမည့် ဇွန်လခန့်တွင် ပုံမှန်အတိုင်း ပြန် ဖြစ်လာဖွယ် ရှိကာ ရှမ်းမြောက် လမ်းကြောင်းနှင့် အာရှလမ်းမကြီးလည်း ပွင့်သွားပြီ ဖြစ်၍ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာဖွယ် ရှိသည်ဟု သိရသည်။

.

“ စက်သုံးဆီက ဇွန်လ ပထမအပတ်လောက်မှာ ပြန် အဆင်ပြေမယ်လို့ ခန့်မှန်းထားတာ ရှိတယ်။ စက်သုံးဆီလည်း အိုကေသွားပြီ၊ လမ်းကြောင်းတွေလည်း ပွင့်ပြီဆိုတော့ ကုန်သွယ်ရေး လမ်းကြောင်းက အိုကေပြီဆိုရင် တရုတ်က ယူမှာ။ အဝယ်လိုက်ပြီဆိုတာနဲ့ ဈေးက မြင့်လာမှာပေါ့။” ဟု ၎င်းက ဆိုသည်။

.

အောင်ပန်းကုန်စည်ဒိုင်၏ ယနေ့ ဧပြီ က် စျေးနှုန်းများတွင် နနွင်းတက်အသစ် နနွင်းတက် တောင်ပို့လ - ၁ ဂေါင်းလွတ် တစ်ပိဿာ ၁၂၅၀၀ ကျပ်၊ နနွင်းတက်တောင်ပို့လ - ၂ ဂေါင်းလွတ် တစ်ပိဿာ ၁၁၅၀၀ ကျပ်၊ နနွင်းတက် ဆင်တောင် - ၁ ဂေါင်းလွတ် တစ်ပိဿာ ၁၁၀၀၀  ကျပ်၊ နနွင်းတက် ဆင်တောင် -၂ ဂေါင်းလွတ် တစ်ပိဿာ ၉၀၀၀ ကျပ်၊ နနွင်းတက်အညံ့စ (ခြင်ဆေးထွန်း) တစ်ပိဿာ ၈၀၀၀ ကျပ်နှင့် နနွင်းမှုန့် တစ်ပိဿာ ၁၄၀၀၀ ကျပ် ရှိနေကြောင်း သိရသည်။

.

No comments:

Post a Comment

Pages