အင်းလေးဒေသ၊ အိုင်ထောင့်ကြီးရွာ၌ ပထမဆုံး သက်ကြီးပူဇော်ပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, April 19, 2026

အင်းလေးဒေသ၊ အိုင်ထောင့်ကြီးရွာ၌ ပထမဆုံး သက်ကြီးပူဇော်ပွဲ ပြုလုပ်



ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသ၊ အိုင်ထောင့်ကြီးရွာပထမဆုံး အကြိမ်အဖြစ် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ ဧပြီလ ၁၈ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အိုင်ထောင့်ကြီးရွာရှိ ပရဟိတအဆောင်တွင် ကျေးရွာနေ အသက် ၇၅ နှစ်အထက်ရှိ ဓမ္မာရုံဆရာတော် အပါအဝင် သက်ကြီး အဘိုး/အဘွား ၁၆ ဦးကို ပူဇော်ကန်တော့ခဲ့ခြင်း ဖြစ်သည်။

.

ဓမ္မာရုံဆရာတော်အား ဝတ္ထူငွေ တစ်သိန်းကျပ်သက်ကြီး အဘိုး/အဘွား ၁၅ ဦးအား တစ်ဦးလျှင် ငွေ ၅၀၀၀၀ ကျပ်၊ လုံချည်၊ မျက်နှာသုတ်ပုဝါနှင့် ခြုံထည်များအပြင် ဆေးဝါးများကိုပါ ကန်တော့ခဲ့သည်ဟု သိရသည်။

.

" ဒါ ပထမဆုံးအကြိမ် ပြုလုပ်ရတာပါနောက်နှစ်တွေလည်း ခုလို ပူဇော်နိုင်အောင် ကြိုးပမ်းကြဖို့ ရှိပါတယ်အားလုံး ကုသိုလ် ယူကြနိုင်ဖို့ပါ အားလုံးကိုလည်း အထူးကျေးဇူး တင်ရှိပါတယ်။”ဟု ရွာပရဟိတအဖွဲ့  ခေါင်းဆောင် စိုင်းကျော်ခိုင်က ပြောသည်။



သက်ကြီးပူဇော်ပွဲအတွက် အလှူငွေများ ထည့်ဝင်ပေးကြသူများအပြင် ကာယဒါန ပြုသူများသာမက ခေါက်ဆွဲ စတော်ဘယ်ရီဖျော်ရည် တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့ပြီး ပရဟိတအဖွဲ့နှင့် ရပ်မိရပ်ဖများက အဆို အကများဖြင့် ကပြဖျော်ဖြေပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

.

No comments:

Post a Comment

Pages