နိုင်ငံ့၀န်ထမ်းဟောင်းများအသင်း (မြို့ပြ) ယိမ်းအဖွဲ့အား ဂုဏ်ပြုပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, April 19, 2026

နိုင်ငံ့၀န်ထမ်းဟောင်းများအသင်း (မြို့ပြ) ယိမ်းအဖွဲ့အား ဂုဏ်ပြုပွဲ ပြုလုပ်



တောင်ကြီးမြို့ မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံ့၀န်ထမ်းဟောင်းများအသင်း (မြို့ပြ)နှင့် သက်ကြွယ်ယိမ်းအဖွဲ့၀င်များအား ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့ ဧပြီလ ၁၉ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ကွန်မြူနတီစင်တာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဂုဏ်ပြုပွဲတွင် နိုင်ငံ့၀န်ထမ်းဟောင်းများအသင်းဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က တက်ရောက် အမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။





အခမ်းအနားသို့ နိုင်ငံ့၀န်ထမ်းဟောင်းအသင်း၀င်များ၊ သက်ကြွယ်အဖွဲ့၀င်များ၊ တောင်ကြီးမြို့နယ် စာရေးဆရာအသင်း၀င်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက် အားပေးကာ နိုင်ငံ့၀န်ထမ်းဟောင်းများအသင်း ဒုဥက္ကဌ ဒေါ်မေမေနီက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages