လားရှိုးတွင် ကားပွဲစားတစ်ဦး အသတ်ခံရပြီး ကားလုယက်ခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Saturday, April 25, 2026

လားရှိုးတွင် ကားပွဲစားတစ်ဦး အသတ်ခံရပြီး ကားလုယက်ခံရ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်က မော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သည့် ကားပွဲစားတစ်ဦး အသတ်ခံရပြီး ကားလုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မော်တော်ယာဉ် ဝယ်ရောင်း ပြုလုပ်သည့် ကိုဆန်းအောင် ထံသို့ ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင် မော်တော် ဆိုင်ကယ်ဖြင့် လူ ၂ ဦး ရောက်ရှိလာပြီး ယာဉ်အရောင်းအဝယ် ပြုလုပ်ရန် ချိန်းဆိုသဖြင့် ကိုဆန်းအောင် သည် ယင်းနေ့ညနေ ၄ နာရီခွဲခန့်တွင် ချိန်းဆိုသည့်နေရာသို့ သွားရောက်ခဲ့ပြီးနောက် ကား စမ်းမောင်းမည် ဟု ဆိုကာ ကိုဆန်းအောင်က ယင်းအမျိုးသား ၂ ဦးနှင့်အတူ လိုက်ပါသွားခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ကိုဆန်းအောင်၏ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

“ကားကိုတွေ့တွေ့ချင်းပဲ အဲ့နှစ်ယောက်က စမ်းမောင်း မယ်ဆိုပြီး သူတို့သုံးယောက် ကားပေါ်ကို တူတူ တက်သွားကြပါတယ်လို့ ပြောပါတယ်။ သူတို့ထဲက တစ်ယောက်က မောင်းပြီးနောက် တစ်ယောက်က အနောက်မှာ ထိုင်ပါတယ်။ အကိုက driver ဘေးခုံမှာ ထိုင်ပြီးလိုက်သွားတယ်လို့ သိရပါတယ်။ အဲ့နေ့ ညနေ ၅ နာရီ ဝန်းကျင်မှာတော့ လားရှိုးမြို့ရဲ့ နာမည်ကြီးဘုရားဖြစ်တဲ့ သာသနာ ၂၅၀၀ တောင်ခြေမှာ ကျွန်တော့် အကိုရဲ့ Dead Body ကို လုံးဝမမျှော်လင့်ပဲ တွေ့ခဲ့ရပါတယ်” ဟု သေဆုံးသူ ကိုဆန်းမောင်၏ ညီဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

.

အဆိုပါအမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ပြီး လတ်တလောတွင် လုယက် ခံရသည့် ကားကို ပြန်လည်တွေ့ရှိပြီဖြစ်ကာ ကျူးလွန်သူများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။

.

“ကားကတော့ မနေ့က ပြန်တွေ့ပါပြီ။ တရားခံကတော့ လိုက်တုန်းပဲပါ။ နာမည်တွေတော့ မသိရသေးဘူး။ သူတို့ ပုံပန်းသဏ္ဌာန်တွေတော့ ရပြီးပါပြီ” ဟု လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

အသတ်ခံရသည့် မော်တော်ယာဉ် ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုဆန်းအောင် မှာ အသက် ၃၉ နှစ်ခန့် ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူ၊ ဇနီးနှင့် သမီးနှစ်ဦး၊ ညီဖြစ်သူတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

.

လားရှိးမြို့တွင် ဧပြီလ ၂ ရက်ကလည်း ပန်ဆန်း - လားရှိုး ပြေးဆွဲနေသည့် ကားသမား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သေးသည်။

.

 

No comments:

Post a Comment

Pages