ကျိုင်းတုံမြို့နယ်တွင် စားကျက်မြေများ ပျောက်ကွယ်လာသည့်အတွက် စည်းကမ်းမဲ့ ကျွဲနွားလွှတ်ကျောင်းမှု များလာနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Sunday, April 26, 2026

ကျိုင်းတုံမြို့နယ်တွင် စားကျက်မြေများ ပျောက်ကွယ်လာသည့်အတွက် စည်းကမ်းမဲ့ ကျွဲနွားလွှတ်ကျောင်းမှု များလာနေ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာပိုင် စားကျက်မြေများ နည်းပါး ပျောက်ကွယ်လာသည့်အတွက် စည်းကမ်းမဲ့ ကျွဲနွားလွှတ်ကျောင်းမှု များလာနေသည်ဟု ဒေသခံများထံက သိရသည်။

.

.

ယင်းကဲ့သို့ ကျွဲနွားများ ထိန်းကျောင်းသူမပါဘဲ စည်းကမ်းမဲ့ လွှတ်ကျောင်းခြင်းများကို ကျိုင်းတုံ-တောင်ကြီး-မိုင်းခတ်လမ်း၊ တာချီလိတ်လမ်းတို့တွင် အများဆုံး မြင်တွေ့နိုင်ပြီး အခြား ကျေးရွာချင်းဆက်လမ်းများနှင့် လူနေရွာများအနီး စိုက်ခင်းများတွင်လည်း မြင်တွေ့နိုင်ကြောင်း မိသားစု တစ်ပိုင်တစ်နိုင် ဩဂဲနစ် သဘာဝ စိုက်ပျိုးရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

.

“ရွာတွေမှာ အရင်တုန်းက တရားဝင်သတ်မှတ်ပေးထားခဲ့တဲ့ ကျွဲနွား စားကျက်မြေဆိုတာတွေက အခုချိန်မှာ မရှိသလောက် နီးပါး ပျောက်ကွယ်ကုန်ပြီ။ မြေယာတိုးချဲ့၊ အဆောက်အဦ၊ မြေကွက်၊ ငါးကန်လိုတွေ ဖြစ်နေ ကြတယ်။ သက်ဆိုင်ရာဌာနကတော့ တိတိကျကျ သိနိုင်ပါလိမ့်မယ်” ဟု ကျိုင်းတုံဒေသခံ စိုက်ပျိုးရေး လုပ်ငန်းရှင် ဦးဂျိုးဇက်က ပြောသည်။

.

ကျွဲနွားတိရစ္ဆာန်များကို မိမိနေအိမ်ခြံဝင်းသာမက လမ်းမများနှင့် ကျေးရွာပြင်ပနေရာများသို့ ထိန်းကျောင်းသူ မပါဘဲ စည်းကမ်းမဲ့ လွှတ်ကျောင်းခြင်းကြောင့် မိသားစု တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် စိုက်ပျိုးရေးခြံများ အတွင်းသို့ ဝင်ရောက်ဖျက်ဆီးခြင်း အန္တရာယ်ကို ကြုံတွေ့နေရသည်ဟု စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ များက ပြောဆိုကြသည်။

.

ကျေးရွာနှင့် မြေယာဥပဒေတွင် ကျွဲနွားစားကျက်မြေ ဆိုသည်မှာ ပုဂ္ဂလိကပိုင်အဖြစ် သတ်မှတ်ဆောင်ရွက် ခွင့်၊ ကျူးကျော်ခွင့်မရှိသည့် မြေအမျိုးအစားဖြစ်ပြီး ရွာနယ်နိမိတ် ဧရိယာအတွင်းရှိ မွေးမြူထားသည့်  ရွာသူရွာသားများ ပိုင်ဆိုင်သည့် ကျွဲနွားများ၏ အစာ စားကျက်မြေအဖြစ် အများပိုင်မြေသာ ဖြစ်သည်ဟု ကျိုင်းတုံမြို့နယ် အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။

.

No comments:

Post a Comment

Pages