.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ကလောဒေသတွင်
စီးပွားဖြစ် ထင်းရှူးဆီ အလွန်အကျွံ ထုတ်ယူမှု များကြောင့် ထင်းရှူးတောများ လျော့နည်း
ပျက်သုဉ်းလာနေရကြောင်း သိရသည်။
.
.ထင်းရှူးပင်အချို့မှာ တောမီးလောင်ကျွမ်းမှုကြောင့်
ပျက်စီးရပြီး အချို့က ထင်းရှူးဆီ ထုတ်ယူရန်အတွက် ထင်းရှူးပင်များကို တမင်တကာ မီးရှို့ဖျက်ဆီးကြခြင်းဖြစ်ကာ
အောင်ပန်းသစ်တောကြိုးဝိုင်းနှင့် ကလော သစ်တောကြိုးဝိုင်းကြား၊ မြင်းကရွာနှင့် ရှေးဟောင်းစေတီ
အနီး တောအတွင်း ထင်းရှူးပင် တစ်ရာကျော် နှစ်ရာနီးပါးခန့် ခုတ်လှဲမီးရှို့ခံထားရကြောင်း
ဒေသခံများထံက သိရသည်။
.
ထင်းရှူးပင် ခုတ်ယူသူများက ဆိုင်ကယ်များဖြင့် လာရောက်ခုတ်ယူ
သယ်ဆောင်ကြပြီး သစ်တောဝန်ထမ်း များမှာ အင်အားနည်းပါးသည့်အပြင် အခြားလုပ်ငန်းတာဝန်များကြောင့်
ဖမ်းဆီးရန် အခက်အခဲဖြစ်ပေါ် နေရကြောင်း သိရသည်။
.
“အဓိက ကတော့ ထင်းရှူးဆီကို စီးပွားဖြစ် ထုတ်ယူတာကြောင့်
ထင်းရှူးတောတွေ ပျက်သုဉ်းရတာပါ။ သစ်တောက ဖမ်းတယ်ဆိုရင်လည်း သူတို့တွေက ကလန်ကဆန်လုပ်ကြတယ်။
ပြီးတော့ သူတို့ပျိုးထောင် ထားတဲ့ စိုက်ခင်းကို မီးရှို့တာပါလို့ ပြောကြတော့ မဖမ်းရဲကြဘူး”
ဟု အောင်ပန်းဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ခုတ်ယူပြီး ထင်းရှူးဆီများကို အောင်ပန်း ပြည်သာယာဈေး
ခေါ် အောက်ဈေးတွင် အများဆုံး ပြန်လည်ရောင်းချကြပြီး သီးနှံထွက်ကုန် ဝယ်ယူသူအချို့က
အိတ်လိုက် ပြန်လည်ဝယ်ယူမှုများ ရှိကြောင်း သိရသည်။
.
“သစ်တောဝန်ထမ်းက အားနည်းသလို သူတို့ရဲ့ ပင်မလုပ်ငန်းဖြစ်တဲ့
စိုက်ပျိုးပြုစုတဲ့ ဟာကိုပဲ ဦးစားပေး နေရတော့ အပင်ကြီးသွားရင် သူတို့ လူအင်အားနဲ့ မစောင့်ရှောက်၊
မထိန်းသိမ်းနိုင်တော့ဘူး။ လူကြီး လာစစ်ရင် ပြနိုင်ဖို့လောက်ပဲ အလုပ်လုပ်နိုင်တာပေါ့”
ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ထို့အပြင် စိုက်ပျိုးမြေဧက တိုးချဲ့လာမှုကြောင့်
ထင်းရှူးပင်များမှာ အလိုလျောက် သင်းသတ်ခံရပြီး ပျက်စီး ရခြင်းများလည်းရှိကာ မြင်းကကျေးရွာနှင့်
လွယ်အံ့ကျေးရွာ၊ ကြေးကုန်းဝန်းကျင် အနီးတွင် နေအိမ်အဆောက် အအုံ တိုးချဲ့လာမှုကြောင့်လည်း
ထင်းရှူးတောများ ပျက်စီးရမှုရှိကြောင်း သိရသည်။
.
အိမ်ယာစီမံကိန်းများ ဖော်ဆောင်မှုကလည်း
သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေသည့်အတွက် တာဝန်ရှိသူ များအနေဖြင့် ကြပ်မတ်ထိန်းကျောင်းကာ
မလိုအပ်သည့် စီမံကိန်းများကို ပိတ်သိမ်းသည်ထိ အရေးယူရန် လိုအပ်ကြောင်း
ထောက်ပြဝေဖန်မှုများလည်း ရှိနေသည်။
.
ထင်းရှူးတောများသည် ကလောမြို့၏ အထိမ်းအမှတ် သင်္ကေတတစ်ခုဖြစ်ပြီး
လူဦးရေ တိုးတက်များပြားလာ သည်နှင့်အမျှ နေအိမ်နှင့် စိုက်ပျိုးမြေ ချဲ့ထွင်လာမှု၊ စီမံကိန်းလုပ်ငန်းများ
တိုးချဲ့လာမှုကြောင့် လက်ရှိတွင် ထင်းရှူးတောများ နှစ်စဉ် လျော့နည်းပျောက်ကွယ်နေရခြင်းဖြစ်ကြောင်း
သိရသည်။
.

.jpg)
No comments:
Post a Comment