.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အသက်
၁၀ နှစ်အရွယ် တူမဖြစ်သူ မိန်းကလေးငယ်အား ရိုက်နှက်ညှဉ်းပန်း ဆုံးမသူ အဒေါ်ဖြစ်သူကို
အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
.တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၁)
ရှိ နေအိမ်တစ်ခုတွင် ယမန်နေ့ ဧပြီလ ၂၂ ရက်က အဒေါ်ဖြစ်သူ ဒေါ်လောမိန့် ဆိုသူက အသက် ၁၀
နှစ်အရွယ် တူမလေးအား ဆုံးမရာမှ လက်လွန် ကာ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှု ဖြစ်ပွားခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ခေါ်ယူစစ်ဆေးမေးမြန်းချက်အရ
အဒေါ်ဖြစ်သူ ဒေါ်လာမိန့် သည် မိဘများနှင့် ကွဲကွာနေသည့် တူမအား ခေါ်ယူမွေးစားကာ အိမ်ထောင်စုစာရင်းသွင်း၍
တရုတ်ကျောင်း (၅) တန်းအထိ ထားပေးခဲ့ပြီး အခင်းဖြစ်ပွားသည့်နေ့တွင် တူမဖြစ်သူမှာ
အိမ်မှုကိစ္စများ မလုပ်သဖြင့် အုပ်ထိန်းသူအနေဖြင့် ဆုံးမခဲ့ရာမှ စိတ်မထိန်းနိုင်ဘဲ
လက်လွန်ကာ ဒဏ်ရာများ ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ပြစ်မှုကျူးလွန်သူ ဒေါ်လောမိန့်အား
ဟောင်လိတ်နယ်မြေရဲစခန်းက ဥပဒေအရ အရေးယူနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ရိုက်နှက်ခံရသူ
အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်အား တာချီလိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက
ကလေးသူငယ် ထိန်းသိန်းစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင် ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.


No comments:
Post a Comment