ရှမ်းအရှေ့ဒေသ ဖွံ့ဖြိုးရေးတင်ဒါလုပ်ငန်းများ၌ ဒေသခံကုမ္ပဏီများကို ဦးစားပေး စေလို ဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Friday, April 24, 2026

ရှမ်းအရှေ့ဒေသ ဖွံ့ဖြိုးရေးတင်ဒါလုပ်ငန်းများ၌ ဒေသခံကုမ္ပဏီများကို ဦးစားပေး စေလို ဟုဆို



ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ဆောင်ရွက်မည့် လမ်း၊ တံတား၊ အဆောက်အဦး စသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရာတွင် ဒေသတွင်းအခြေစိုက်သည့် တရားဝင် ကုမ္ပဏီများကိုသာ ဦးစားပေး လုပ်ဆောင်စေလိုသည်ဟု ဒေသခံများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များက ပြောဆိုကြသည်။

.

တင်ဒါ‌အောင်လို့ဆိုပြီး လုပ်ပိုင်ခွင့်ရသွားတဲ့ကုမ္ပဏီက တောင်ကြီး၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးဘက်မှာ နေကြတဲ့ ကုမ္ပဏီဆိုတာက သူတို့လုပ်ငန်းပြီးပြီ ဆိုတာနဲ့ ပြန်သွားကြရော။ နောက်ပိုင်းမှာ သဘာဝဘေးလို အကြောင်းတစ်ခုခုကြောင့် ပျက်စီးယိုယွင်းသွားတာရှိရင် မူလတင်ဒါအောင်သွားတဲ့ ကုမ္ပဏီက ပြန်လာပြီး ပြုပြင်ပေးဖို့ဆိုတာက အားနည်းချက်တွေရှိတယ်။ ကိုယ့်ဒေသတွင်းက ကုမ္ပဏီဆိုရင်တော့ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်တာပေါ့” ဟု ရှမ်းရှေ့အခြေစိုက် ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

.

ကျိုင်းတုံမြို့နယ်၊ တောင်ပေါ်ငါးအုပ်စုဒေသတွင် မြေသားလမ်း ဖောက်လုပ်ခွင့်ရရှိခဲ့သော ရန်ကုန်မြို့ အခြေစိုက် ကုမ္ပဏီတစ်ခုသည် ၎င်းတင်ဒါအောင်ခဲ့သည့် မြေသားလမ်းအပိုင်းအတွက် လိုအပ်သည့် စက်ယန္တယားကို ကျိုင်းတုံမြို့ရှိ ပုဂ္ဂလပိုင်ရှင်ထံမှ ငှားရမ်းအသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ကျသင့်သည့် စက်ယန္တယား ဝန်ဆောင်ခ ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်သာဓက ရှိခဲ့ပြီး အခြား ဆောက်လုပ်ရေး လုပ်ငန်းခွင်အချို့၌လည်း တင်ဒါအောင်ထားသည့် ကုမ္ပဏီခန့်ဝန်ထမ်း ထွက်ပြေးတိမ်းရှောင် သွားသဖြင့် နေ့စားဝန်ထမ်း လုပ်ခဆုံးရှုံးမှုများလည်း ရှိခဲ့ဖူးကြောင်း သိရသည်။

.

ရှမ်းအရှေ့ မြို့နယ်နှင့် ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် အစိုးရတင်ဒါ လုပ်ငန်းများ သည် ဒေသပေါက်ဈေး စရိတ်စကနှင့် လမ်းခရီးအကွာအဝေး သယ်ယူ ပို့ဆောင်စရိတ် များပြားခြင်းအပြင် အခြားသော အထွေထွေ ကုန်ကျစရိတ်များကြောင့် အမြတ်အစွန်း ရနိုင်ချေနှင့် အရည်အသွေးပြည့်မီရေး မျှော်လင့်ချက် နည်းပါးလျက်ရှိကြောင်း သိရသည်။

.

#KBZTai #Shan #KyaingTong

.

No comments:

Post a Comment

Pages