တာချီလိတ်တွင် ဘိန်းစာရွက် ကီလို ၄၀ နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Friday, April 24, 2026

တာချီလိတ်တွင် ဘိန်းစာရွက် ကီလို ၄၀ နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ ဧပြီလ ၂၃ ရက်၊ နေ့လယ်ပိုင်းက ဘိန်းစာရွက် ကီလို ၄၀ နှင့် ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်း (၄) လမ်းရှိ နေအိမ်ဆိုင်ခန်းအား ယမန်နေ့ ဧပြီလ ၂၃ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ စိုင်းလုံဆိုင် နှင့်အတူ ဘိန်းစာရွက် (ကထော့်) ၄၀ ကီလို ဂရမ်ခန့်၊ ဒေသတန်ဖိုး တစ်ကီလိုလျှင် ငွေ ၄၀၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁၆ သိန်းခန့်နှင့်အတူ ဘိန်းစာရွက် ချက်လုပ်ရာတွင် အသုံးပြုသည့်  စပ်ဆက်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 .

သို့ဖြစ်၍ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းလုံဆိုင် အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages